ဘိုးဘိုး ဘွားဘွားတို့အိမ်ကို အလည်သွားရင်း ပျော်ပျော်ရွှင်ရွှင်ကစားနေကြတဲ့ ပြေသုဒြာတို့ မောင်နှမနှစ်ယောက်

Posted on - Apr 20 []

K Kay

စာရေးသူ

ပရိသတ်တွေရဲ့ လေးစားအားကျ ချစ်ခင်မှုကို ရရှိထားခဲ့ကြရတဲ့ နိုင်ငံကျော် ထပ်ဆင့်အကယ်ဒမီ မင်းသား မင်းသမီး ဇနီးမောင်နှံနှစ်ဦးဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော် တို့ဟာဆိုရင် သာယာလှတဲ့ မိသားစုဘဝခရီးကို အေးအေးချမ်းချမ်းနဲ့ လျှောက်လှမ်းနေထိုင်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။ အရမ်းအေးချမ်းပြီး ကြည်နူးစရာကောင်းလွန်းလှတဲ့ သူတို့ မိသားစုလေးကို ပရိသတ်တွေတိုင်းကလည်း လေးစားအားကျ နေခဲ့ကြရတာပဲ ဖြစ်ပါတယ်။

လူတိုင်းက လေးစားအားကျနေခဲ့ကြရတဲ့ သူတို့ မိသားစုလေးကတော့ ယနေ့ဆိုရင် ဦးတီရဲ့ မိဘနှစ်ပါးနေအိမ်ကို မိသားစုအလိုက် ပျော်ပျော်ကြီး အလည်သွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေထိုင်ခဲ့ကြတဲ့ သူတို့ မိသားစုလေးကတော့ မိဘတွေအပေါ်မှာလည်း အရမ်းကို သိတတ်လိမ္မာလွန်းတဲ့ သူတွေဖြစ်တာကြောင့်လည်း ယခုအချိန်အထိ အောင်မြင်တဲ့ ထိတ်တန်း မင်းသားမင်းသမီးတွေအဖြစ် ရပ်တည်နိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သားသား မီးမီးလေးတွေနဲ့ ဖေဖေ မေမေတို့ရဲ့ အိမ်ကိုအလည်သွားရင်း Live လွှင့်ပေးထားခဲ့တဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုရဲ့ ဗီဒီယိုဖိုင်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ ဘိုးဘိုး ဘွားဘွားတို့အိမ်ကို အလည်သွားရင်း ပျော်ပျော်ကြီး ဆော့ကစားနေခဲ့ကြတဲ့ ပြေသုဒြာနဲ့ ပြေဓိရ မောင်နှမနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦီးနော်။

ဘိုးဘိုး ဘွားဘွားတို့ရဲ့ အိမ်ကို ဖေဖေ မေမေတို့နဲ့ အလည်သွားရင်း ပျော်ပျော်ကြီး ဆော့ကစားနေခဲ့ကြတဲ့ ပြေသုဒြာနဲ့ ပြေဓိရတို့ မောင်နှမနှစ်ယောက်ရဲ့ Video

ဘိုးဘိုး ဘွားဘွားတို့အိမ်ကို အလည်သွားရင်း ဖေဖေ မေမေတို့နဲ့အတူ ကာတွန်းအတူကြည့်ခဲ့ကြတဲ့ ပြေသုနဲ့ ဖိုးဓီတို့ မောင်နှမနှစ်ယောက်ရဲ့ Video

ဘိုးဘိုး ဘွားဘွားတို့အိမ်မှာ မိသားစုတွေ စုံစုံလင်လင်နဲ့ ထမင်းလက်ဆုံစားခဲ့ရလို့ ထမင်းစားမြိန်နေကြတဲ့ ပြေသုနဲ့ ဖိုးဓီတို့ မောင်နှမနှစ်ယောက်ရဲ့ Video

ဦးတီနဲ့ တီဝဲတို့ မိသားစုရဲ့ တစ်နေ့တာ လှုပ်ရှားမှုလေးတွေကို တစ်နေရာထဲမှာပဲ စုံစုံလင်လင် မြင်တွေ့ခွင့်ရလိုက်တဲ့အတွက် ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ဘိုးဘိုး ဘွားဘွားတို့ရဲ့ အိမ်ကို ဖေဖေ မေမေတို့နဲ့ အလည်သွားရင်း အရမ်းကို ပျော်ရွှင်နေကြတဲ့ ပြေသုနဲ့ ဖိုးဓီတို့ မောင်နှမနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးတွေကို ကြည့်ရင်း သဘောကျ အချစ်ပိုမိတယ်ဆိုရင် Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။

Kay Kay
Ref : Eaindra Kyaw Zin's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။