ဒီ​နေ့​ခေတ်​ ဂီတ​လောကမှာ ​တွေ့​နေရတဲ့ အမှား​တွေအ​ကြောင်း ဒဲ့​ပြောချလိုက်​တဲ့ ​တေး​ရေးဆရာ ​ရွှေ​ဂျော်​​ဂျော်

Posted on - Apr 21 []

Myint Myat

စာရေးသူ

အောင်​မြင်​တဲ့ အဆို​တော်​​တွေရဲ့ ​နောက်​ကွယ်​က ပဲ့ကိုင်​ရှင်​တစ်​ဦးဖြစ်​တဲ့ ​တေး​ရေးဆရာကြီး ​ရွှေ​ဂျော်​​ဂျော်​က​တော့ အနုပညာကို ချစ်​မြတ်​နိုးသူတစ်​ဦးမို့ သီချင်း​ကောင်း​လေး​တွေကို ဖန်​တီးရင်း ​ပျော်​​နေသူတစ်​ဦးပါ။ ရင်​ထဲမှာရှိတဲ့အတိုင်း ပွင့်​ပွင့်​လင်းလင်း ​ပြောဆိုတတ်​တဲ့ ​တေး​ရေးဆရာ ​ရွှေ​ဂျော်​​ဂျော်​ရဲ့ စိတ်​ဓာတ်​ကို​တော့ ပရိသတ်​​တွေကလည်း သ​ဘောကျကြပါတယ်​။ လတ်​တ​လောမှာ​တော့ ဆရာ ​ရွှေ​ဂျော်​​ဂျော်​က​ ဒီ​နေ့​ခေတ်​ ဂီတ​လောကမှာ ​တွေ့​နေရတဲ့ အမှား​တွေအ​ကြောင်း ဟာသ​လေး​နှောပြီး ဒဲ့​ပြောချလိုက်​တာ​ကြောင့်​ ပရိသတ်​​တွေသာမကပဲ အဆို​တော်​​တွေကလည်း ​တော်​​တော်​​လေးလက်​ခံသ​ဘောကျ​နေကြတာ ​တွေ့ရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ ဒီ​နေ့​ခေတ်​ ဂီတ​လောကမှာ ​တွေ့​နေရတဲ့ အမှား​တွေအ​ကြောင်း ​ပြောလာတဲ့ ​တေး​ရေးဆရာ ​ရွှေ​ဂျော်​​ဂျော်​ရဲ့စာ​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

တေး​ရေးဆရာ ​ရွှေ​ဂျော်​​ဂျော်​က​တော့ 'Tragicomic2019 သင်္ကြန် အပြီး အိမ်ကို ကောင်မလေးတယောက် နဲ့ သူ့အမေ သီချင်းလာအပ်တယ် ။ ကောင်မလေး အသံ နားထောင်ကြည့်တော့ ကောင်းသားဘဲ ဒါပေမယ့် သင်္ကြန်မှာ အလကားဆိုဘို့တောင် ပွဲလေး တရက်မှ မရခဲ့ဘူးလို့ ညည်းနေရှာတယ် ။ အဲဒါနဲ့ သေချာမေးကြည့်တော့မှ .. သူတို့ သားအမိ အားနည်းချက်တွေ အပြစ်တွေပေါ်လာတယ် ။ကိုယ့်လူမျိုးနဲ့ တိုင်းပြည်မျက်နှာ ကို မထောက်တဲ့ သားအမိ ဗျာ။ မေးကြည့်တော့ ပေါ်လာတော့တာပေါ့။" နေစမ်းပါဦး သမီးက သီချင်း ဆိုတာ ဘာနဲ့ ဆိုရတယ် ထင်နေလို့လဲ ? " " အသံ နဲ့ ပါ " " ဟဲ့ သီချင်းဆိုတာ ဖင် နဲ့ ရင် နဲ့ ဆိုရတာဟဲ့ ။ဘာ အသံနဲ့ ဆိုရမှာလဲ ? ဒီ နိုင်ငံမှာမွေး ဒီ ရေသောက်ပြီး ကိုယ့်ဘဝကို နားမလည်ဘူး ။ လူသစ်တန်း အဆိုတော် လုပ်နေပြီး .. " " ဟို သမီး က အသံ .. " " ဘာ အသံလဲ ? အသံ ဆိုတာ ပိတ် ပိတ်ပြီး ပါးစပ်လှုပ် ဆိုရတာလေ .. ဒုက္ခပါဘဲ နင်အဲဒါကြောင့် ပွဲမရတာ" တော်တော် ဒူတဲ့ သားအမိဘဲ ။ မျက်နှာငယ်လေးတွေ နဲ့ ထိုင်နေကြတယ် ။

အဲဒါနဲ့ ဆက်မေးရတယ် ။" ပြီးတော့ သမီးတိုသားအမိ သူများတွေလို မကြိုးစားကြဘူးလားကွ ဟေ? " " ရှင် ဘာကိုပြောတာလဲ ? " " ဩော် လူသစ်လုပ်နေပြီး စောက်ပေါသူဌေးတယောက်ယောက် ပိုင်တဲ့ စောက်ပေါ Channel တခုခု ကစောက်ပေါသီချင်းဆိုပြိုင်ပွဲ တခုခုမှာ ဝင်မပြိုင်ဘူးလား? လို့ မေးနေတာ ရှင်းလား ? " " ဟုတ် သမီးက အေးဆေးဘဲ ကိုယ့်သီချင်းလေးတွေကိုယ်ကြိုးစားဆိုချင်တာနမပြိုင် .. " " ဟဲ့ ကိုယ့် သီချင်း ကိုယ် ကြိုးစား ဆိုချင်ရအောင် .. နင် က အရူးလား ? နာမည်ကြီးပြီးသား သီချင်းတွေ ယူဆိုလိုက် ... ဟော .. ပွဲပါဝိုင်းငှားကြရော .. " " ဟိုလေ .. သမီးက သမီးကိုယ်ပိုင် သီချင်းအသစ်လေးတွေ နဲ့ ပရိသတ်တွေ ကို ဖျော်ဖြေချင် .. " " ဩော် ပြောလေကဲလေ တယ်ခက်ပါလား ?ပရိတ်သတ် ကို မစော်ကားပါနဲ့ ။ ပရိတ်သတ်က သူတို့ ကြိုက်ပြီးသား သီချင်းအဟောင်းတွေကို အဆိုကျော်အစစ်လောက် မကောင်းတဲ့ ကောင်လေး ကောင်မလေးတွေ ဆိုပြတာကို ကြည့်ချင် နားထောင်ချင်နေကြတာလေ .. သမီး Keyမဝင် စာသားမှားတောင် ... သူတို့က သမီးတို့ သားတို့ရဲ့ ဘယ်နေရာကို ကြည့်ကြည့်ပြီး ကြိုက်နေမှန်း မသိ ကြိုက်နေကြလိမ့်မယ် " " ကိန် ! သမီးက Keyတော့ဝင်ပါတယ် ဦးရယ် " " အေး အဲဒါကြောင့် နင် သင်္ကြန် ပွဲမရတာပါ ဆို "

အဲဒီအခါ သူ့ အမေလည်း မျက်စိပျက် မျက်နှာပျက်နဲ့-" အဲဒါ ဆို ဘယ်လိုလုပ်ကြမလဲ ဆရာရယ် ။ နည်းလမ်းကောင်းလေးများ ရှိရင် .. " " ဟုတ်ပြီ ခင်ဗျား အခု ဘာရောင်းလဲ ? " " ရှင် ကျမဝန်ထမ်းမို့ ဘာမှ မရောင်း .. " " တယ် ! ခင်ဗျားကိုက မဟုတ်တာ ။ ကိုယ်က အရပ်ထဲ ပြောင်းဖူးပြုတ်လေးတောင် မရောင်းဘဲနဲ့ ကိုယ့်သမီးကို နိုင်ငံကျော် အဆိုတော်ဖြစ်ချင်လို့ ရမလား ? ။ တော်တော် အတင့်ရဲတာဘဲ " " အဟင့် ..ရွှတ် ကျမ အပြစ် ကျမသိပါပြီ ဆရာရယ်။မနက်ဖြန် မုန့်လက်ဆောင်း လည်ရောင်းပါတော့မယ် " " ဒီလိုမှပေါ့ဗျာ ။ ပရိတ်သတ်ဆန္ဒ ကို လေးစားပါ "ကိုင်း ! ပြည်သူ့ ဆန္ဒကို အလေးထား , တိုင်းပြည် မျက်နှာကိုထောက်ရှုတဲ့ သားအမိဖြစ်ပြီး ပြန်သွားကြပြီ။ပြန်ခါနီး ကောင်မလေး က ပြောသွားသေးတယ် ။" ကျေးဇူးနော် ဦး ။ ဒါဆို သမီး ဦးကို သီချင်းအသစ်တွေ မအပ်တော့ပါဘူး ။ ပွဲရအောင် ဦးရေးပြီးသား မနီနီခင်ဇော်တို့ မဝိုင်းစုခိုင်သိန်းတို့ သီချင်းတွေဘဲ ယူဆိုလိုက်တော့မယ်နော် ။ တာ့ တာ " " လခွမ်း ဘဲဟေ့ .. နောက်ရေးမယ့် သီချင်းနာမည် ပြောပါတယ် ... " " ရှင် " " ဩော် ကြိုးစားလို့ ပြောတာ သမီးရယ် ။ နောင်နှစ်ကျရင် Key ဝင်မှန်း မဝင်မှန်းတောင် မသိတဲ့ စောက်ပေါ Channel တွေ မဏ္ဍပ်တွေက သမီးကို သီချင်းဆိုဘို့ ငှားကြပါစေလို့ .." * ( ဟာသ တဝက် နဲ့ ခံစားစေချင်လို့ပါဘဲ) (အမှားတွေ ပြင်နိုင်ကြပါစေ ကျနော်အပါအဝင်) Shweggtragicomic19" ဆိုပြီး ဟာသ​လေး​နှောပြီး​တော့ ထိထိမိမိ ​ရေးသားထားတာပါ။

မိုမို​လေးပရိသတ်​​တွေက​ရော ဒီ​နေ့​ခေတ်​ ဂီတ​လောကမှာ ​တွေ့​နေရတဲ့ အမှား​တွေအ​ကြောင်း ဒဲ့​ပြောချလိုက်​တဲ့ ​တေး​ရေးဆရာ ​ရွှေ​ဂျော်​​ဂျော်​ရဲ့အမြင်​ကို ဘယ်​လိုထင်​မိလဲဆိုတာ ​ပြောသွားခဲ့ပါဦး​နော်​။

Myint Myat
Source:Shae Gyaw Gyaw's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။