ရုပ်ရှင်ရိုက်ကွင်းမှာ မင်းသားအဖြစ်သာမက မိတ်ကပ်ဆရာတစ်ဦးပါ ဖြစ်သွားခဲ့တဲ့ နေတိုး

Posted on - Apr 21 []

Rowena

စာရေးသူ

ပျိုပျို အိုအိုမရွေး ကြိုက်နှစ်သက်အားပေးကြတဲ့ ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် နေတိုးဟာ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားသူတစ်ဦးပါ။ နေတိုးက အမြို့မြို့အနယ်နယ်မှာ အားပေးသူပရိသတ် အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ဦးဆိုလဲ မမှားပါဘူး။ နေတိုးက မင်းသားတစ်ဦးအဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေပေမယ့် သူ့ရဲ့ နောက်ထပ်ဝါသနာတစ်ခုကတော့ ရှိနေပါသေးတယ်။

နေတိုးက မိတ်ကပ်အထူးပြုလုပ်ချက်တွေကိုလဲ စိတ်ဝင်စားသူဖြစ်ပြီး ရိုက်ကွင်းမှာ လိုအပ်ရင် သူကိုယ်တိုင် မိတ်ကပ်ပြင်ပေးလေ့ရှိပါတယ်။ မိတ်ကပ်ဆိုတာ သာမာန်အလှလိမ်းတဲ့ မိတ်ကပ်မဟုတ်ပဲ သရဲမျက်နှာ ကြောက်စရာကောင်းတဲ့မျက်နှာ ရုပ်ပြောင်းရုပ်လွှဲလုပ်တဲ့မျက်နှာ အစရှိသည်တို့ကို ပြောင်းလဲတဲ့ မိန်ကပ်အထူးပြုလုပ်ချက်ဖြစ်ပါတယ်။

အခုပရိသတ်တွေကြားထဲမှာ ရေပန်းစားနေတဲ့ "မဟူရာရုပ်ရှင်ရုံ" ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးက သရုပ်ဆောင်တစ်ဦးအနေနဲ့ ပါဝင်ခဲ့သလို သရဲမိတ်ကပ်တွေကိုလဲ သူကိုယ်တိုင်ကူညီ လိမ်းခြယ်ပေးခဲ့ပါတယ်။

ဒါ့အပြင် နေတိုးက ရိုက်ကွင်းပေါ်က လိုအပ်ချက်တွေအတွက် သူကိုယ်တိုင်ပြုလုပ်ခဲ့ပါတယ်။

"မဟူရာရုပ်ရှင်ရုံ" ရိုက်ကွင်းပေါ်မှ နေတိုးရဲ့ ကူညီ ပြင်ဆင်နေပုံ

နေတိုးကတော့ သရုပ်ဆောင်ကောင်းရုံသာမကပဲ ဘက်စုံခူးချွန်သူတစ်ဦးဖြစ်ပါတယ်။ နေတိုးပါဝင်ထားတဲ့ "မဟူရာရုပ်ရှင်ရုံ" ရုပ်ရှင်ဇာတ်ကားကြီးက ဧပြီလ (၂၅) ရက်နေ့မှာ ရုံတင်ပြသမှာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: 7th Sense Creation

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။