ရုပ်ရှင်ရိုက်ရင်း တွဲဖက်သရုပ်ဆောင်တွေနဲ့ ဖောက်ပြန်ခဲ့ကြတဲ့ ဆယ်လီဘရစ်တီတွေ

Posted on - Apr 22 []

Douglas Thura

စာရေးသူ

ချစ်သူရည်းစားတွေ၊ လင်မယားတွေကြားမှာ တစ်ယောက်ယောက်က ဖောက်ပြန်လာပြီဆိုရင် များသောအားဖြင့် ယောက်ျားလေးတွေံပဲလို့ တော်တော်များများက သတ်မှတ်ထားကြတာဖြစ်ပါတယ်။ တစ်ကယ်တော့ သစ္စာတရားကိုတန်ဖိုးမထားပဲ ဖောက်ပြန်တတ်သူတွေဟာ Gender နဲ့ မဆိုင်ဘူးဆိုတဲ့အကြောင်းကို အောက်ပါ ဆယ်လီဘရစ်တီတွေက သက်သေပြနေကြပါတယ်။ ထိုဆယ်လီဘရစ်တီတွေဟာ ဇာတ်ကားတွေရိုက်ကူးရင်း အတူရိုက်ကူးတဲ့ တွဲဖက်သရုပ်ဆောင်တွေနဲ့ ဖောက်ပြန်ခဲ့ကြတာဖြစ်ပါတယ်။

Brad Pitt

Brad Pitt နဲ့ Jennifer Aniston တို့ ဟာ Hollywood မှာ အလိုက်ဖက်ဆုံးစုံတွဲတစ်တွဲအဖြစ် ပရိသတ်တိုင်းရဲ့ အားကျလေးစားခြင်းကို ခံခဲ့ရပါတယ်။ သူတို့ နှစ်ယောက်ဟာ 2000 ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး အရာအားလုံးအဆင်ပြေချောမွေ့ နေခဲ့ပေမဲ့ Brad ဟာ Angelina Jolie နဲ့ အတူ Mr & Mrs ဇာတ်ကားရိုက်ကူးရင်း ငြိစွန်းခဲ့ကြပြီးနောက်ပိုင်းမှာတော့ Jennifer ကိုကွာရှင်းပြီး Angelina နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာကြာခဲ့ပြီးမှ Brad ဟာ Jennifer ကိုတောင်းပန်စကားပြောခဲ့ပြီး Jennifer ကလည်း လက်ခံပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ Brad ဟာ Angelina နဲ့ ကွာရှင်းခဲ့ပြီး Jennifer ဟာလည်း သူမရဲ့ လက်ရှိယောက်ျားနဲ့ ကွာရှင်းလိုက်ပြီဖြစ်ပါတယ်။

Jennifer Lopez

2001 ခုနှစ်တုန်းက Jennifer Lopez ဟာ Chris Judd နဲ့ တစ်နှစ်ကြာတွဲခဲ့ပြီးနောက် လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ 2002 ခုနှစ်မှာ Jlo ဟာ Ben Affleck နဲ့ အတူ Gigli ဇာတ်ကားရိုက်ကူးရင် စတင်တွဲခဲ့ကြပါတယ်။ အဲ့နောက်ပိုင်းမှာ Jlo ဟာ Chris ကို ကွာရှင်းပေးဖို့ တောင်းဆိုခဲ့ပြီး ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးခဲ့တဲ့အခါ Chris က တော်တော်လေးအံ့အားသင့်သွားခဲ့ပါတယ်။ Chris နဲ့ ကွာရှင်းပြီး Jlo ဟာ Ben နဲ့ အတူ (၁၈)လလောက်ကြာ လက်တွဲခဲ့ကြပြီး နောက်ပိုင်းမှာတော့ ပြတ်စဲသွားခဲ့ပါတယ်။

Heidi Klum

Heidi Klum ဟာ ချစ်သူ Seal နဲ့ 2004 ခုနှစ်မှာ လက်ထပ်ခဲ့ပြီးနောက်ပိုင်း Heidi ဟာ သူမရဲ့ ဘော်ဒီဂတ်ဖြစ်တဲ့ Martin Kristen နဲ့ ဖောက်ပြန်ခဲ့တာကြောင့် 2007 ခုနှစ်မှာ ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။

Kristen Stewart

Kristen Stewart ဟာ Twilight ဇာတ်ကားရိုက်ကူးရင်း မင်းသားချော Robert Pattinson နဲ့ ကာလအတော်ကြာတွဲခဲ့ကြပြီး Huntsman ရုပ်ရှင်ရိုက်ကူးတဲ့အချိန်မှာတော့ ဒါရိုက်တာဖြစ်သူနဲ့ ဖောက်ပြန်ခဲ့တဲ့အတွက် Robert နဲ့ ပြတ်စဲခဲ့ရတာဖြစ်ပါတယ်။

Ref : Mirror.UK
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။