ကမ္ဘာ့အဆိုးရွားဆုံးဂိုးသမားအဖြစ်နာမည်ကြီးနေတဲ့ နယူးယော့ခ်စီးတီးဂိုးသမားရဲ့အဆိုးရွားဆုံးလွဲချော်မှု

Posted on - Apr 21 []

Gunner Ksr

စာရေးသူ

ပြီးခဲ့တဲ့တစ်ပတ်က နယူးယော့ခ်စီးတီးနဲ့ မင်နီဆိုတာတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်ဟာ တစ်ဖက် ၃ ဂိုးစီနဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ တစ်ဖက် ၂ ဂိုးစီသရေကျနေစဉ်အချိန်မှာ နယူးယော့ခ်စီးတီးဂိုးသမားအနေနဲ့ ဆိုး ရွားတဲ့အမှားတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။ အဲဒါကတော့ နောက်တန်းကစားသမားက သူ့ကို ဖြည်းဖြည်းလေးနဲ့ ညင်ညင်သာသာ ပြန်ပေးတဲ့ဘောလုံးကို နယူးယော့ခ်စီးတီးဂိုးသမားဂျွန်ဆင်အနေနဲ့ ထိန်းယူခဲ့ရာမှာတော့ ဘောလုံးချော်သွားပြီး ဂိုးထဲကို တန်းတန်းမတ်မတ်ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုသူ့ရဲ့ အလွန်ဆိုးရွားလွန်းတဲ့အမှားအတွက် ဂျွန်ဆင်အနေနဲ့ ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုကို ခံခဲ့ရပါတယ်။ "ဒီလိုအမှားတွေကြောင့် လူတွေက မေဂျာလိဂ်ကို မကြည့်ကြတာ"။ "ဂျွန်ဆင် မင်းအနေနဲ့ လုံးဝသေသင့်တယ်" "မင်းက ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဂိုးသမားပဲ"စသဖြင့် ပရိသတ်တွေက ဝေဖန်မှုမျိုးစုံ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဂျွန်ဆင်တစ်ယောက် ကိုယ့်ဂိုးကိုယ်သွင်းယူတဲ့အချိန်မှာ နယူးယော့ခ်စီးတီးအနေနဲ့ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပေမယ့် ပွဲချိန် ၆၄ မိနစ်မှာ တိုက်စစ်ကစားသမားတာဂျော်ရီက ချေပဂိုးပြန်လည်သွင်းယူပေးခဲ့လို့ နယူးယော့ခ်စီးတီး ဟာ အဝေးကွင်းမှာ သရေတစ်မှတ် ရရှိခဲ့ပါတယ်။

နယူးယော့ခ်စီးတီးဟာ ပွဲစဉ် ၆ ပွဲကစားပြီးချိန်မှာ ရမှတ် ၅ မှတ်နဲ့ အဆင့် ၁၂ နေရာမှာရပ်တည်နေပြီး မီနီဆိုတာအသင်းကတော့ ပွဲစဉ် ၇ ပွဲကစားထားပြီး ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၆နေရာမှာရပ်တည်လျက်ရှိနေပါတယ်။ နယူးယော့ခ်စီးတီးဟာ လာမယ့်ပွဲစဉ်မှာတော့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟောင်းဝိန်းရွန်းနီရဲ့ ဒီစီယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

နယူးယော့ခ်ဂိုးသမားရဲ့အဆိုးရွားဆုံးလွဲချော်မှု

Ref Daily Mail

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။