မွေး​နေ့အကြို​လေးမှာ ချစ်​သူနဲ့အတူ မိဘမဲ့​​ကလေး​တွေအတွက်​ အလှူလုပ်​ခဲ့တဲ့ ဧငြိမ်းဖြူ

Posted on - Apr 22 []

Myint Myat

စာရေးသူ

ပရိသတ်​​တွေအားကျချစ်​ခင်​ကြတဲ့ ချစ်​သူစုံတွဲ​လေးဖြစ်​တဲ့ အဆို​တော့ ရဲရင့်​​အောင်​နဲ့ ​အေငြိမ်းဖြူတို့ချစ်​သူနှစ်​ဦးက​တော့ တစ်​ဦးနဲ့တစ်​ဦး အရမ်းချစ်​ကြတာမို့ ​ရှေ့သွား​နောက်​လိုက်​ညီတဲ့ နတ်​ဖက်​တဲ့စုံတွဲ​လေးလို ဖြစ်​​နေတာပါ။ လတ်​တ​လောမှာ​တော့ ဧငြိမ်းဖြူက လာမယ့်​ ဧပြီလ ၂၄ ရက်​​နေ့မှာကျ​ရောက်​မယ့်​ သူမရဲ့​မွေး​နေ့​လေးအတွက်​ ကြိုတင်​ပြီး​တော့ အလှူ​တွေလုပ်​ခဲ့တာ ​တွေ့ရပါတယ်​။ ဧငြိမ်းဖြူနဲ့အတူ ချစ်​သူရဲရင့်​​အောင်​ကလည်း အလှုမှာ အားဖြည့်​ပြီး ပါဝင်​ကူညီခဲ့တာ ​တွေ့ရပါတယ်​​နော်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ အရမ်းကိုကြည်နူးဖို့​ကောင်းတဲ့ ရဲရင့်​​အောင်​နဲ့ ​အေငြိမ်းဖြူတို့ချစ်​သူနှစ်​ဦးရဲ့ပုံရိပ်​​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ဧငြိမ်းဖြူက​တော့ ဒီနေ့ မွေးနေ့အကြိုလေးလုပ်ဖြစ်ပါတယ် ချစ်ရတဲ့သူတွေရယ် ပြီးတော့ QueenieA လေးတို့နဲ့ နှစ်တိုင်းမပျက်မကွက် အလှူဒါန်းလုပ်ရတဲ့ပီတိက ဘာနဲ့မှမတူပါဘူး ... A သွားရောက်လှူဒါန်းခဲ့တာ တွံတေးမြို့မှာရှိတဲ့ "မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ" လေးပါ မိဘမဲ့ကလေးပေါင်း ( ၈၀၀ ) ကျော်ရှိပါတယ် A ကိုမွေးထုတ်ပေးတဲ့ ချစ်ရတဲ့အမေနဲ့အဖေကိုလဲ​ငွေကျပ် ( 10 ) သိန်းနဲ့လဲကန်တော့ဖြစ်ပါတယ် A အနုပညာကြေးငွေလေးတွေနဲ့လုပ်ရတဲ့ အလှူဒါန်းလေးမို့ ပရိသတ်တွေရှိမှ ဒီလိုချစ်ရတဲ့အလုပ်လေးဆကိလုပ်ခွင့်ရလို့ အားလုံးကိုယ်စားလှူဒါနိးခဲ့တဲ့ အလှူဒါန်းလေးမို့လဲ အားလုံး နတ်လူသာဓုခေါ်စေသော် 🙏🏻" ဆိုပြီး သူမရဲ့​မွေး​နေ့အလှူအ​ကြောင်း ​ပြောထားတာပါ။

စိတ်​ထား​ကောင်းတဲ့ A ​လေး....

အေးအတူ ပူအမျှ အတူ​တွေ့ရတဲ့ ချစ်​သူနှစ်​ဦး

သူ့တို့ ချစ်​သူနှစ်​ဦး​က​တော့ မိဘမဲ့ ​ကျောင်းက က​လေး​တွေနဲ့အတူ ကစားခဲ့ကြပါ​သေးတယ်​။

ဧငြိမ်းဖြူကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်ရတဲ့သူနဲ့အတူ သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ မိသားစုနဲ့အတူ အနုပညာအလုပ်တွေလုပ်ပြီး ဘဝကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကြည်နူးဖို့ေ​ကာင်း​တဲ့ ဧငြိမ်းဖြူရဲ့အလှူကို သာဓုေ​ခ်ါသွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;A Nyein Phyu's Facebook
Photo:Ag Naing

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။