စီရော်နယ်ဒိုကို အလဲထိုးလိုက်နိုင်တဲ့ စပါးဟီးရိုးဆွန်ဟောင်မင်

Posted on - Apr 21 []

Gunner Ksr

စာရေးသူ

စပါးအသင်းတိုက်စစ်ကစားသမားဆွန်ဟောင်မင်ဟာ FIFA 20 အတွက် တရားဝင်ကာဗာရွေးချယ်ရာမှာတော့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေဖြစ်တဲ့ စီရော်နယ်ဒို၊ မက်ဆီတို့ကို ကျော်ဖြတ်ပြီး အလဲထိုးနိုင်ခဲ့ပါ တယ်။ FIFPlay အနေနဲ့ အသစ်ထုတ်လုပ်မယ့် EA Sports ဂိမ်းအတွက် ကာဗာကို ဘယ်သူ့ကို ထားစေချင်သလဲလို့ ပရိသတ်တွေထံ ဆန္ဒမဲကောက်ခံခဲ့တာဖြစ်ပါတယ်။ သောကြာနေ့ညရလဒ်တွေအရတော့ စပါးတိုက် စစ်ကစားသမားဆွန်ဟောင်မင်ဟာ စုစုပေါင်းမဲအရေအတွက် 1,208,160 နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်နဲ့ စီရော်နယ်ဒိုတို့ဟာ ၁၇ ရာခိုင်နှုန်းချင်းရရှိတာ အတူတူဖြစ်ပေမယ့် ဆွန်ဟောင်မင်က ၃၆၂၆ မဲအသာနဲ့ စီရော်နယ်ဒိုကို နောက်ကောက်ချထားနိုင်တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်၊ စီရော်နယ်ဒိုတို့ရဲ့ နောက်မှာတော့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီက ၁၆ ရာခိုင်နှုန်း၊ မဲအရေအတွက် 204,292 နဲ့ တတိယနေရာမှာရပ်တည်နေပါတယ်။

သူတို့ရဲ့နောက်မှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက ၁၅ ရာခိုင်နှုန်း၊ မဲအရေအတွက် 182,375 နဲ့ အဆင့်လေးနေရာ၊ လီဗာပူးတိုက်စစ်မှူးဆာလတ်က ၁၀ ရာခိုင်နှုန်း မဲအရေအတွက် 114,853 နဲ့ အဆင့်ငါး၊ ဘိုင် ယန်တိုက်စစ်မှူးသောမတ်မူလာက ၈ ရာခိုင်နှုန်း မဲအရေအတွက် 99,396 နဲ့ အဆင့်ခြောက် နေရာတို့မှာ အသီးသီးရပ်တည်လျက်ရှိနေပါတယ်။

EA Sports အနေနဲ့ လာမယ့် FIFA ကာဗာအတွက် သူတို့ဘာသာ ရွေးချယ်ခြင်းမပြုဘဲ အခုမဲရလဒ်ကို အခြေခံပြီး ရွေးချယ်သွားမယ်လို့သိရပါတယ်။ ဆွန်ဟောင်မင်ဟာ လက်ရှိအချိန်မှာ ခြေစွမ်းကောင်းတွေပြသထား နေတဲ့ကစားသမားတစ်ယောက်ပါ။ ဆွန်ဟောင်မင်ဟာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်နှစ်ကျော့မှာ ၃ ဂိုးအထိသွင်းယူပြီး ခြေစွမ်းပြသ ကစားထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆွန်ဟောင်မင်ဟာ အဓိကတိုက်စစ်မှူးဟယ်ရီကိန်း ဒဏ် ရာရရှိနေတဲ့အချိန်မှာ စပါးတိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ကာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားသူဖြစ်ပါတယ်။

PPT(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။