90s Born တွေရဲ့ပါးစပ်ဖျားမှာ ထိုင်းသီချင်းတွေစွဲကျန်ရစ်စေခဲ့တဲ့ ထိုင်းအဆိုတော်မလေး (၅) ယောက်
Mia Zin
စာရေးသူ
မြန်မာနိုင်ငံမှာ Kpop ဆိုတာ ခေတ်မစားသေးတဲ့အချိန် လွန်ခဲ့တဲ့ (၁၅) နှစ်ကျော်ကာလလောက်တုန်းက ခေတ်စားလူကြိုက်များခဲ့တာကတော့ Thai Pop လို့ခေါ်တဲ့ ထိုင်းသီချင်းတွေဖြစ်ပါတယ်။ ထိုသီချင်းတွေထဲမှာမှာ လူအသိများဆုံးနဲ့ ရေပန်းအစားဆုံးသီချင်းတွေကတော့ အဆိုတော်မလေး (၅) ယောက်အတူတူသီဆိုထားတဲ့ သီချင်းတွေပါပဲ။

အဖြူရောင်ဝတ်စုံလေးတွေဝတ်ထားကြပြီး ကကွက်ညီညီနဲ့ စတိတ်စင်ပေါ်မှာ သီဆိုဖျော်ဖြေတဲ့ သူမတို့အဖွဲ့လေးရဲ့ ပုံရိပ်လေးတွေဟာ ထိုအချိန်က ဆယ်ကျော်သက်ကလေးတွေရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့တာကို 90 Borns ပရိသတ်တွေအတော်များများ အမှတ်ရမိကြမှာပါ။ အဖွဲ့ထဲမှာ ပါဝင်ကြတဲ့သူတွေကတော့ Kat, Ying, Jenny နဲ့အတူ China Dolls ဆိုတဲ့အဖွဲ့ဝင် ၂ ယောက်တို့ ဖြစ်ကြပါတယ်။

အဲဒီအဖွဲ့လေးထဲမှာ ပါဝင်ကြတဲ့ (၅) ယောက်ထဲမှာမှ ဦးစွာဖော်ပြပေးချင်တာကတော့ China Dolls ဆိုတဲ့ အဖွဲ့ဝင်လေး ၂ ယောက်ရဲ့အကြောင်း ဖြစ်ပါတယ်။ သူမတို့ ၂ ယောက်ရဲ့နာမည်တွေကတော့ Hwa Hwa နဲ့ Bell တို့ ဖြစ်ကြပြီး ၁၉၉၉ ခုနှစ်ကတည်းက စတင်ကာ တေးသီချင်းခွေတွေထုတ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူမတို့ဟာ သီချင်းတွေကို ထိုင်းလိုရော၊ Mandarin လိုပါ သီဆိုကြတာကြောင့် ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှား၊ တရုတ် အစရှိတဲ့ Mandarin ဘာသာစကားကို အသုံးပြုတဲ့နိုင်ငံတွေမှာလည်း သူမတို့ရဲ့ ပရိသတ်တွေရှိတယ်လို့ သိရပါတယ်။

၂၀၀၉ နဲ့ ၂၀၁၀ ခုနှစ်တွေမှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Bell က သူမရဲ့ အကသင်တန်းကျောင်းအတွက် ဦးစားပေးအလုပ်လုပ်နေခဲ့တာမို့လို့ Hwa Hwa က နောက်ထပ်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Dan Chun နဲ့ ပူးပေါင်းကာ တေးအယ်လ်ဘမ်တစ်ချပ်ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၃ ခုနှစ်မှာတော့ Bell ဟာ Hwa Hwa နဲ့ အတူပြန်လည်ပူးပေါင်းကာ မူရင်း China Dolls အနေနဲ့ ပရိသတ်တွေဆီကို ပြန်လာခဲ့ပါတယ်။

အဲဒီ ၂၀၁၃ ခုနှစ်ထဲမှာပဲ Bell ဟာ သူမရဲ့ ချစ်သူနဲ့ လက်ထပ်ခဲ့ပြီး Hwa Hwa ကတော့ သူမရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအဖြစ်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အခုလက်ရှိအချိန်မှာတော့ Hwa Hwa က အသက် ၃၉ နှစ်ရှိနေပြီဖြစ်ပြီး Bell ကတော့ ၃၇ နှစ် ရှိနေပြီ ဖြစ်ပါတယ်။
Hwa Hwa

Bell


နောက်တစ်ယောက်ဖော်ပြပေးချင်တဲ့သူကတော့ Jenny လို့ ခေါ်တဲ့ အဆိုတော်မလေးပါ။ Jennifer Ann Politanont လို့ အမည်ရတဲ့ သူမကတော့ ၁၉၈၁ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ထိုင်းနဲ့ တရုတ်စပ်ထားတဲ့ ကပြားတစ်ဦး ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်ကတည်းကနေ အနုပညာလှုပ်ရှားမှူတွေပြုလုပ်လာခဲ့တဲ့ သူမဟာ အခုဆိုရင်တော့ အိမ်ထောင်ရှင်မ မိခင်တစ်ဦးဖြစ်နေပြီဖြစ်ကာ အနုပညာအလုပ်တွေကို ရပ်နားထားတယ်လို့ သိရပါတယ်။


Ying လို့ ပရိသတ်တွေက အသိများကြတဲ့ သူမရဲ့ နာမည်အပြည့်အစုံကတော့ Rhatha Phongam ဖြစ်ပြီး Ya Ya Ying လို့လည်း ပရိသတ်တွေက ခေါ်ကြပါသေးတယ်။

၁၉၈၃ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ သူမဟာ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အနောက်တိုင်းပရိသတ်တွေကတော့ "Only God Forgives" ဆိုတဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားနဲ့ သူမကို အသိများကြပါတယ်။

Bangkok University ကနေ မာစတာဘွဲ့ရရှိထားတဲ့သူမဟာ များစွာသော တေးအယ်လ်ဘမ်တွေကို သီဆိုထုတ်လုပ်ထားတဲ့အပြင် ရုပ်ရှင်ဇာတ်လမ်းတွဲပေါင်းများစွာကို ရိုက်ကူးထားတဲ့သူ ဖြစ်ပါတယ်။


နောက်ဆုံးတစ်ယောက်ဖော်ပြပေးချင်သူကတော့ 'Kat' ဖြစ်ပါတယ်။ "OK Na Ka" ဆိုတဲ့ သီချင်းပိုင်ရှင် သူမဟာ အင်္ဂလိပ်လူမျိုး ဖခင်နဲ့ ထိုင်းလူမျိုး မိခင်တို့က မွေးဖွားထားတဲ့ ကပြားတစ်ဦးဖြစ်တဲ့ဖြစ်တာကြောင့် ထိုင်းစကားနဲ့ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာပြောတတ်သူ ဖြစ်ပြီး နာမည်အရင်းကတော့ Katreeya English ဖြစ်ပါတယ်။

သူမဟာလည်းပဲ တေးသီချင်းအယ်လ်ဘမ်ပေါင်းများစွာကို သီဆိုခဲ့ပြီး ရုပ်ရှင်ဇာတ်လမ်းတွေလည်း အများကြီး ရိုက်ကူးခဲ့သူုဖြစ်ကာ သူမကို "Kat" ရယ်လို့ လူသိများစေခဲ့တာကတော့ "OK Na Ka" ပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Kat ရဲ့ အသက်က ၄၂ နှစ် ရှိနေပါပြီ။

Kat ဟာ ဒီနေ့အချိန်ထိ တစ်ကိုယ်တည်း အပျိုကြီးဘ၀နဲ့ပဲ ရှိနေဆဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်တုန်းက ဆယ်ကျော်သက်တွေ ကြိုက်နှစ်သက်ခဲ့တဲ့ သီချင်းလေးတွေ..။
အခုပြန်နားထောင်လည်း အခုချိန်အထိ ပါးစပ်ဖျားမှာ စွဲနေဆဲဖြစ်ပါတယ်။

သင်တို့ရဲ့ သူတို့တွေရဲ့ သီချင်းလေးတွေကို နားထောင်ခဲ့ဖူးကြ၊ လိုက်ဆိုခဲ့ဖူးကြပါသလား။
Ref : Weki, Youtube
Mia (Momolay)
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပရိသတ်တွေထင်မထားတဲ့ နာမည်ကြီး Cele တွေဖြစ်နေတဲ့ သီးမွှေးနဲ့ ဖိုးဝ
Dec 14 2019 (29268 views)

သူမမွေးနေ့အတွက် Europe ကနေ မြန်မာပြည်ကို ချက်ချင်းရောက်လာတဲ့ ချစ်သူကြောင့် ပျော်နေတဲ့ ပတ်ထရစ်ရှာ
Dec 14 2019 (30752 views)

ဖွေးဖွေးရဲ့အဖေအတွက် ခရစ်စမတ်လက်ဆောင်တွေ ပေးပို့ခဲ့တဲ့ တူမအလိမ္မာလေး ဝတ်မှုံရွှေရည်
Dec 15 2019 (8784 views)

၂၀၁၉ ခုနှစ်ရဲ့ ပေါ်ပြူလာအဖြစ်ဆုံးသော ကိုရီးယားဒရမ်မာစုံတွဲ (၃) တွဲ
Dec 15 2019 (3133 views)

ရေကူးဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိလှနေတဲ့ ဝါဆိုမိုးဦး
Dec 15 2019 (4180 views)

သားလေးရဲ့ ပုံလေးတွေတင်ပေးဖို့ တောင်းဆိုတဲ့ ပရိသတ်တွေအတွက် ပုံလေးတွေမျှဝေလိုက်တဲ့ ပိုးအိအိခန့်
Dec 15 2019 (4182 views)

စွဲမက်ဖွယ် ခန္ဓာကိုယ်လှလှလေး ပေါ်လွင်နေတဲ့ ရေကူးဝတ်စုံနဲ့ ပုံတွေတင်လိုက်တဲ့ ဝါဆိုမိုးဉီး
Dec 15 2019 (3867 views)

ပွဲတက်လာသူတွေငေးကြည့်နေရတဲ့ သင်ဇာဝင့်ကျော်ရဲ့ ကျက်သရေရှိလှတဲ့ မြန်မာဆန်ဆန်အလှ
Dec 15 2019 (5382 views)