ထိုင်းနိုင်ငံရဲ့ ကြေးအမြင့်ဆုံးသော ထိပ်တန်းမင်းသမီး (၅) လက်

Posted on - Oct 30 []

Mia Zin

စာရေးသူ

နာမည်ကြီး အနုပညာရှင်တွေဟာ ဇာတ်ကားရိုက်ကူးမှုတစ်ခုတည်းကတင် ၀င်ငွေတွေရရှိကြတာမဟုတ်ပဲ ကြော်ငြာရိုက်ကူးမှု၊ အခမ်းအနားပွဲတွေ တက်ရောက်ပေးရမှုတွေကနေလည်း ၀င်ငွေတွေ အမြောက်အများရရှိကြပါတယ်။ နာမည်ကြီးလေလေ ရရှိတဲ့ ငွေပမာဏက များလေလေပါပဲ။ ဒါကြောင့် အခုတစ်ခါမှာတော့ ပွဲတက်ခြင်းနဲ့ ကြော်ငြာရိုက်ကူးရခြင်းတွေကနေ ၀င်ငွေအများဆုံး၊ ကြေးအမြင့်ဆုံးရရှိထားကြတဲ့ ထိုင်းမင်းသမီး (၅) လက်ကို တင်ဆက်ဖော်ပြပေးလိုက်ရပါတယ်။ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

5. Bella Ranee

Padiwaradda (သစ္စာရှင်ဇနီးသည်) ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေ အသိများခဲ့တဲ့ မင်းသမီးလေး "Bella" ကတော့ ကြော်ငြာတစ်ခုကို ဘတ် ၈ သန်းနဲ့ အထက်ရရှိသူဖြစ်ပြီး ပွဲတက်အခကြေးပမာဏကတော့ တစ်ပွဲကို ဘတ် ၁ သိန်းခွဲဖြစ်တယ်လို့ သိရပါတယ်။

4. Mai Davika

ထိုင်းနိုင်ငံအတွင်းက ပွဲအခမ်းအနားတွေကိုသာမက နိုင်ငံရပ်ခြားက ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ပေးရတဲ့ မင်းသမီးလေး Mai Davika ရဲ့ ပွဲတက်အခကြေးငွေကတော့ ဘတ် ၂ သိန်းဖြစ်ပြီး ကြော်ငြာရိုက်ကူးမှုကနေတော့ ဘတ် ၈ သိန်းနဲ့အထက်ကို ရရှိတယ်လို့ သိရပါတယ်။

3. Yaya Urassaya

ထိုင်းနိုင်ငံမှာသာမက အာရှနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုမှာပါ လူသိများနေတဲ့ မင်းသမီးလေး Yaya ကတော့ ထိုင်းနိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းကြော်ငြာမော်ဒယ်ဖြစ်ရုံတင်မဟုတ်ပဲ နိုင်ငံတကာက နာမည်ကြီး အမှတ်တံဆိပ်တွေရဲ့ ကြော်ငြာမော်ဒယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ ပွဲတက်အခကြေးကတော့ ဘတ် ၃ သိန်းဖြစ်ပြီး ကြော်ငြာရိုက်ကူးမှုအတွက်ဆိုရင်တော့ ဘတ် ၉ သန်းနဲ့အထက် ပေးရတယ်လို့ သိရပါတယ်။

2. Chompoo Araya

လက်ထပ်ပြီးကတည်းက ဇာတ်ကားရိုက်ကူးမှုတွေကနေ အနားယူထားတဲ့ မင်းသမီး Chompoo Araya ကတော့ ရံဖန်ရံခါဆိုသလို နိုင်ငံရပ်ခြားက ပွဲအခမ်းအနားတွေကို သွားရောက်တက်ပေးရသူပါ။ သူမရဲ့ ပွဲတက်ကြေးပမာဏကတောု့ဘတ် ၃ သိန်းဖြစ်ပြီး ကြော်ငြာရိုက်ကူးမှုအတွက်ဆိုရင်တော့ ဘတ် ၁၀ သန်းနဲ့ အထက်ပေးရတယ်လို့ ဆိုကြပါတယ်။

1. Aum Patchrapa

မင်းသမီးအသစ်လေးတွေ ဘယ်လောက် နာမည်ကြီးပြီး အောင်မြင်နေပါစေ။ မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ Aum Patchrapa ကတော့ ထိုင်းနိုင်ငံရဲ့ နံပါတ် ၁ မင်းသမီးနေရာမှာ ရှိနေဆဲပါ။ အသက် ၄၀ အရွယ်ရောက်နေပြီဆိုပေမယ့်လည်း ၂၀ ကျော်အရွယ်လို့ပဲ ထင်ရလောက်အောင် နုပျိုလွန်းလှတဲ့ သူမကိုတော့ ပွဲတက်စေချင်တယ်ဆိုရင် ဘတ် ၃ သိန်းနဲ့ ၄ သိန်းကြားပေးရမှာဖြစ်ပြီး ကြော်ငြာရိုက်ကူးမှုအတွက်ဆိုရင်တော့ ဘတ် ၁၂ သန်းကနေ ၁၅ သန်းအကြားပေးရတယ်လို့ သိရပါတယ်။

အခုတင်ဆက်ဖော်ပြပေးခဲ့တဲ့ မင်းသမီးတွေထဲမှာ သင်တို့ကြိုက်နှစ်သက်ကြတဲ့ မင်းသမီးတွေများ ပါဝင်ကြရဲ့လား။

Ref : Thai Update
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။