မြင်တွေ့သူ ပရိသတ်တိုင်း အချစ်ပိုပြီး အသည်းယားစေမယ့် EXO အဖွဲ့ဝင်တို့ရဲ့ ကလေးဘ၀က ပုံရိပ်များ

Posted on - Dec 13 []

Mia Zin

စာရေးသူ

Kpop ကြိုက်နှစ်သက်သူ ပရိသတ်တွေတိုင်းဟာ သူတို့တွေကြိုက်နှစ်ကြတဲ့ Idol တွေရဲ့ ငယ်ဘ၀ ကလေးတုန်းက ပုံရိပ်လေးတွေကို မြင်တွေ့ချင်ကြပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရတဲ့ Idol ရဲ့ အရမ်းချစ်စရာကောင်းတဲ့ ငယ်ဘ၀ပုံရိပ်တွေကို မြင်တွေ့ခွင့်ရတာလောက် အသည်းယားစရာကောင်းတဲ့ အခိုက်အတန့်ရှိမယ်မထင်ပါဘူးနော်။ ဒါကြောင့် ဒီတစ်ခါမှာတော့ လက်ရှိ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EXO အဖွဲ့ဝင်တို့ရဲ့ အရမ်းချစ်စရာကောင်းလှတဲ့ ကလေးဘ၀တုန်းက ပုံရိပ်လေးတွေကို စုစည်းတင်ဆက်ဖော်ပြပေးလိုက်ပါတယ်နော်။ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Suho

Suho ရဲ့ နာမည်အရင်းကတော့ Kim Jun Myeon ဖြစ်ပြီး ၁၉၉၁ ခုနှစ် မေလ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မိသားစုမှာ ဒုတိယမြောက်သားဖြစ်ပြီး သူ့အထက်မှာတော့ အသက် ၄ နှစ်ပိုကြီးတဲ့ အစ်ကို ရှိပါတယ်။

2. Xiumin

Xiumin ရဲ့ နာမည်အရင်းကတော့ Kim Min Soek ဖြစ်ပြီး ၁၉၉၀ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တဲ့သူဟာ EXO အဖွဲ့မှာ အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်ပါတယ်။ မွေးချင်းညီမလေးတစ်ယောက်ရှိပေမယ့်လည်း ထိုညီမလေးရဲ့အကြောင်းကိုတော့ ဘယ်တော့မှာ ထုတ်ဖော်ပြောပြခဲ့ခြင်းမရှိပါဘူး။

3. Lay

တရုတ်လူုမျိုးဖြစ်တဲ့ Lay ရဲ့ နာမည်အရင်းကတော့ Zhang Yixing ဖြစ်ပြီး ၁၉၉၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ မွေးချင်းမောင်နှမမရှိပဲ တစ်ဦးတည်းသောသားလေးပါတဲ့နော်။

4. Chen

Chen ရဲ့ နာမည်အရင်းကတော့ Kim Jong Dae ဖြစ်ပြီး ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ Chen မှာတော့ Kim Jongdeok ဆိုတဲ့ အစ်ကိုတစ်ယောက် ရှိပါတယ်တဲ့။

5. Chanyeol

နားရွက်ကားကားလေးကို ပိုင်ဆိုင်ထားတဲ့ Chanyeol ရဲ့ နာမည်အပြည့်အစုံကတော့ Park Chanyeol ဖြစ်ပြီး ၁၉၉၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ Chanyeol မှာက Park Yoora ဆိုတဲ့ အစ်မတစ်ယောက်ရှိပြီး သူမကတော့ YTN ရုပ်သံဌာနရဲ့ တင်ဆက်သူတစ်ယောက် ဖြစ်ကာ Chanyeol နဲ့ ရုပ်ချင်းဆင်တူတာကြောင့် EXO-L တွေအကြားမှာ နာမည်ကြီးပါတယ်။

6. D.O.

D.O. ရဲ့ နာမည်အရင်းကတော့ Do Kyung Soo ဖြစ်ပြီး ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ကာ မွေးချင်းအနေနဲ့ကတော့ အစ်ကိုတစ်ယောက်ရှိတယ်လို့ သိရပါတယ်။

7. Baekhyun

Baekhyun ရဲ့ နာမည်အပြည့်အစုံကတော့ Byun Baekhyun ဖြစ်ပြီး ၁၉၉၂ ခုနှစ် မေလ ၆ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မွေးချင်းအနေနဲ့ကတော့ Byun Baek-beom လို့ခေါ်တဲ့ အစ်ကိုတစ်ယောက်ရှိတယ်လို့ သိရပါတယ်။

8. Kai

Kim Jong In လို့ခေါ်တဲ့ Kai ကိုတော့ ၁၉၉၄ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးချင်းအစ်မ ၂ ယောက်ရှိပါတယ်။

9. Sehun

Sehun ရဲ့ နာမည်အပြည့်အစုံကတော့ Oh Sehun ဖြစ်ပြီး ၁၉၉၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ကာ သူ့ထက် ၃ နှစ်ပိုကြီးတဲ့ အစ်ကိုတစ်ယောက် ရှိပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။