ချောပေ့၊ လှပေ့ဆိုတဲ့ နာမည်ကြီးမင်းသမီး (၈) ယောက်နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးတဲ့ James Ma

Posted on - Oct 5 []

Mia Zin

စာရေးသူ

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသားတစ်လက်ဖြစ်တဲ့ James Ma ကို ထိုင်းဇာတ်လမ်းတွဲကြိုက်ပရိသတ်တွေကတော့ ကောင်းကောင်းကြီး ရင်းနှီးကြမှာပါနော်။ ၂၀၁၃ ခုနှစ်မှာ စတင်ပြီး သရုပ်ဆောင်နယ်ပယ်ထဲကို ၀င်ရောက်လာခဲ့တဲ့ James Ma ဟာ အခုဆိုရင် အနုပညာသက်တမ်း ၆ နှစ်ကျော် ၇ နှစ်ကျော်သာရှိသေးပေမယ့်လည်း ချောပေ့လှပေ့ဆိုတဲ့ နာမည်ကြီးမင်းသမီး (၈) ယောက်နဲ့တောင် သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒီလိုဆိုရင် James Ma နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ အဆိုပါမင်းသမီး (၈) ယောက်က ဘယ်သူတွေလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြရအောင်။

1. Mint Chalida

Mint လို့ အများကသိကြတဲ့ Mint Chalida ကတော့ James Ma တစ်ယောက် သရုပ်ဆောင်အဖြစ် စတင်ပွဲထွက်ရိုက်ကူးခဲ့တဲ့ 'Suparburoot Jutathep: Khun Chai Ronapee" ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူတို့ ၂ ယောက်ဟာ ၂၀၁၇ ခုနှစ်တုန်းကရိုက်ကူးခဲ့တဲ့ "Sai Tarn Huajai" ဇာတ်လမ်းတွဲမှာလည်း အတူတူပြန်လည်ပါဝင်သရုပ်ဆောင်ခဲ့ကြပါသေးတယ်။

2. Matt Peranee

နောက်ထပ်နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ Matt Peranee နဲ့ကတော့ ၂၀၁၅ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ "Ka Padin" ဇာတ်လမ်းတွဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး လိုက်ဖက်လွန်းလှတယ်လို့ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

3. Kimmy Kimberlaey Anne Voltemas

James နဲ့ Kimmy တို့ ၂ ယောက်ကတော့ ၂၀၁၆ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ "Piang Chai Kon Nee Mai Chai Poo Wised" ဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ကြပြီး ၂ ယောက်စလုံးရဲ့ ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့ အတွဲညီမှုတွေကြောင့် ပရိသတ်တွေက သူတို့ကို "Koo-Jin" ဆိုပြီး ချစ်စနိုးခေါ်ခဲ့ကြဖူးပါတယ်။ ဒီနှစ်ထဲမှာ သူတို့ ၂ ယောက်ဟာ နောက်ထပ်တစ်ဖန် အတူတွဲဖက်ပြီး သရုပ်ဆောင်ကြဦးမယ်လို့ သိရပါတယ်။

4. Diana Flipo

မင်းသမီး Diana Flipo နဲ့ကတော့ အရင်တုန်းက Short Film တစ်ကားမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်မှာတော့ "Chart Suer Pun Mungkorn" ဇာတ်လမ်းတွဲမှာ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။

5. Han Eun Jung

၂၀၁၇ ခုနှစ်မှာတော့ နာမည်ကြီး ကိုရီးယာအမျိုးသမီးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ T-ara အဖွဲ့ဝင် Han Eun Jung နဲ့အတူတူတွဲဖက်ကာ "Mind Memory" ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ အခွင့်အရေးရရှိခဲ့ပါတယ်။

6. Margie Rasri

၂၀၁၇ ခုနှစ်ထဲမှာပဲ ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Margie Rasri နဲ့အတူတူ "Arkom" ဆိုတဲ့ ဇာတ်လမ်းတွဲကို ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

7. Gina Yeena

၂၀၁၈ ခုနှစ်မှာတော့ James ဟာ မင်းသမီးအသစ်ဖြစ်တဲ့ Gina Yeena နဲ့ "Duang Jai Nai Fai Nhao" ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပါတယ်။

8. Yaya Urassaya

လက်ရှိမှာတော့ James ဟာ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Yaya Urassaya နဲ့အတူတူ "Klin Ka Salong" ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်ကို ရိုက်ကူးလျှက်ရှိနေပြီး သိပ်မကြာခင်အချိန်အတွင်းမှာတော့ ထိုဇာတ်လမ်းတွဲကို Thai TV3 ရုပ်သံလိုင်းကနေ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref : Thai Update
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။