သုံးနှစ်တာလက်တွဲခဲ့တဲ့ ချစ်သူဆရာဝန်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ အောင်ရေချမ်း

Posted on - May 12 []

Rowena

စာရေးသူ

"ပျားရည်အိုင်"၊ "ကျွန်မက မဟေသီ" စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ မင်းသားချောလေး အောင်ရေချမ်းက သရုပ်ဆောင်တဲ့ နေရာမှာ တကယ့်လက်တွေ့နဲ့မခြား သရုပ်ဆောင်နိုင်တာကြောင့် သဘာဝမင်းသားလို့တောင် တင်စားလို့ရပါတယ်။ အောင်ရေချမ်းကို အမြို့မြို့အနယ်နယ်က အသက်အရွယ်မျိုးစုံ ပရိသတ်တွေက အားပေးကြတာ ဖြစ်ပြီး ပရိသတ် အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။

အောင်ရေချမ်းက တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေ ရရှိလာတာနဲ့အမျှ သူ့ရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြပါတယ်။အောင်ရေချမ်းက သုံးနှစ်တာမျှသက်တမ်းရှိတဲ့ ချစ်သူဘဝလေးကို ပိုင်ဆိုင်ထားသူမို့ ပရိသတ်တွေက အားကျနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ အောင်ရေချမ်းနဲ့ သူ့ရဲ့ချစ်သူ ဆရာဝန်မလေးတို့က လမ်းခွဲလိုက်ကြပြီလို့ သိရပါတယ်။ လမ်းခွဲရတဲ့ အကြောင်းအရင်းကို သေသေချာချာမသိရပေမယ့် အောင်ရေချမ်းရဲ့ချစ်သူ ဆရာဝန်မလေးက အခုလိုပဲ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြထားပါတယ်။

"AYC နဲ့ လုံးဝပြတ်သွားပါပြီ 😌 မနာလိုသူ, သဘောမတူသူ, ကြည့်မရသူများအားလုံး ပျော်ရွှင်ကြပါစေ 😅 အကုန်လုံးရဲ့ဆုတောင်းလေးတွေပြည့်ပြီပေါ့နော် 😌 လာမမေးကြပါနဲ့ ပြန်မဖြေပါနော်😷" ဆိုပြီး ဆရာဝန်မလေးက ပြောထားပါတယ်။

နှစ်အကြာကြီးအေးအတူပူအမျှ လက်တွဲလာခဲ့တဲ့ ချစ်သူနှစ်ဦး အခုလို သူများပယောဂနဲ့ လမ်းခွဲရတာ စိတ်မကောင်းစရာပါပဲနော်။ မိုမိုလေးပရိသတ်ကြီးရေ...အောင်ရေချမ်းနဲ့ သူ့ရဲ့ချစ်သူ ဆရာဝန်မလေးတို့ ပြန်အဆင်ပြေဖို့ညဆုတောင်းပေးကြပါဦးနော်။

Rowena
Source: ဂျက်စီကာမွန်'s fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။