သရုပ်ဆောင် အကယ်ဒမီ ဒွေးရဲ့ အနုပညာကို ဆက်ခံမယ့် မျိုးဆက်သစ် သမီးလေး ဆည်းလည်း

Posted on - May 13 []

Moe Kalay

စာရေးသူ

ပရိသတ်တွေ ချစ်ခင်အားပေးရပြီး ကွယ်လွန်သွားပြီ ဖြစ်တဲ့ နိုင်ငံကျော် သရုပ်ဆောင် အကယ်ဒမီ ဒွေးဟာဆိုရင် တစ်ချိန်က သရုပ်ဆောင်လောကမှာ နာမည်အကြီးဆုံး မင်းသားတစ်ဦးဆိုလည်း မမှားပါဘူး ၊ ဘက်စုံတော်တဲ့ မင်းသားဖြစ်တာကြောင့် ကွယ်လွန်သွားပေမယ့်လည်း ဒွေးကို ခုချိန်ထိ အမှတ်ရလွမ်းဆွတ်နေတုန်း ပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ဒွေး ရဲ့ မျိုးဆက်သစ် သမီးလေး ဆည်းလည်း အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒွေးတို့ဇနီးမောင်နှံ မှာ ဆိုရင် သားလေး တစ်ဦး နဲ့ သမီးလေး တစ်ဦးဖြစ်တဲ့ သွေးသားအရင်း တွေကို ငယ်စဉ် အချိန်တည်းက မွေးစားပြီး ပြုစုစောင့်ရှောက်ထားတာပဲ ဖြစ်ပါတယ်။ ဒွေးကွယ်လွန် ပြီး နောက်ပိုင်းမှာလည်း သားနဲ့သမီးလေး တို့ကို ပြုစု ပျိုးထောင်ရင်းအတူနေကြတာပါ။

ခုဆိုရင် သားနဲ့ သမီးလေးတို့က အရွယ်ရောက်လာပြီပဲ ဖြစ်ပါတယ်။ သမီးငယ်လေးဖြစ်တဲ့ ဆည်းလည်း လေးကတော့ သူ့ရဲ့ ဘဘ ဖြစ်တဲ့ ဒွေးရဲ့ အနုပညာသွေးတွေ ပါတာကြောင့် အနုပညာအလုပ်ကို စိတ်ဝင်စားတယ် လို့သိရပါတယ်။

ဆည်းလည်း က ခုဆိုရင် အနုပညာလောကထဲ စဝင်နေပြီပဲ ဖြစ်ပါတယ်။ သူမကတော့ ငယ်စဉ်ကတည်း က အနုပညာပိုးပါတယ် လို့သိရပါတယ်။

သူမက ဒီတစ်ခါမှာတော့ မဂ္ဂဇင်း Cover အလှပုံရိပ်ကလေးတွေကို ရိုက်ကူးထားတာပါ။ ဆည်းလည်း လေးရဲ့ အလှပုံရိပ်ကလေး တွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

ဆည်းလည်း ရဲ့ အမိုက်စား ပုံရိပ်

သရုပ်ဆောင် အကယ်ဒမီ ဒွေးရဲ့ မျိုးဆက်သစ်လေး ဖြစ်တဲ့ ဆည်းလည်း ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ မိုမိုလေး ပရိသတ်ကြီးကလည်း ဒွေးရဲ့ သမီးလေး ဆည်းလည်း ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို အားပေးလိုက်ကြပါဦးနော်။

Moekalay
Source;sel lae, kam su ho

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။