ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီးကိုပြုစုဖို့ အနုပညာအလုပ်တွေကို စွန့်လွှတ်ခဲ့ရတဲ့ မိုးဟေကို

Posted on - May 13 []

Myint Myat

စာရေးသူ

ယဉ်​စစမျက်​နှာ​လေးနဲ့ ​ကျော့ရှင်းပြီး မဟာဆန်​တဲ့ အလှတရားကိုပိုင်​ဆိုင်​ထားတဲ့ မင်းသမီး​ချော​လေး မိုး​ဟေကိုက​တော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့်ရော၊ ပြည့်ဝတဲ့ သူမရဲ့စိတ်ထားလေးကြောင့်ပါ ပရိသတ်တွေရဲ့အချစ်ကို တိုးတိုးပြီးရလာသူလေးတာပါ။ မိုးဟေကိုကတော့ သူမရဲ့ အနုပညာအရှိန်ကောင်းနေဆဲအချိန်မှာပဲ မိခင်ဖြစ်သူက နေမကောင်းဖြစ်လာတာကြောင့် အနုပညာအလုပ်တွေ နားလိုက်ပြီး မိခင်ရဲ့ဝေယျာဝစ္စတွေပြုလုပ်ရင်း သူမရဲ့ဘဝကို ရှေ့ဆက်နေတာပဲ ဖြစ်ပါတယ်။ သူမချစ်ရတဲ့ အနုပညာကို မလုပ်ရပေမယ့်လည်း မိခင်ကို ပြုစုခွင့်ရတဲ့အတွက်ကြောင့် မိုးတစ်ယောက် အရမ်းကို ပျော်ရွှင်နေတာပါ။

မိုမိုလေးချစ်ပရိသတ်တွေအတွက် နေမကောင်းတာ ၅ နှစ် ၆နှစ်နီးပါးရှိပြီဖြစ်တဲ့ မိခင်ကြီးကို ပြုစုဖို့ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့တဲ့ မိုးဟေကိုရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိုးဟေကိုကတော့ နေမကောင်းဖြစ်နေတဲ့ မိခင်ကြီးကို ပြုစုဖို့အတွက် သူမကိုယ်တိုင် မင်းသမီးဆိုတာကိုမေ့ပြီး သူနာပြုတစ်ယောက်လို ဖြစ်သွားခဲ့ရတဲ့ အကြောင်းနဲ့ သူမရဲ့မိခင်လည်း သူမကိုကြည့်ပြီး ဂုဏ်ယူပျော်ရွှင်နေလိမ့်မယ်လို့ထင်ကြောင်းလည်း ပြောထားပါသေးတယ်။

သူမရဲ့မိခင်အကြောင်း ပြောပြရင်း မျက်ရည်ကျခဲ့တဲ့ မိုးဟေကိုရဲ့ဗီဒီယို

မိုး​ဟေကိုက​တော့ လတ်​တ​လောမှာ သူကိုယ်​တိုင်​တည်​​ထောင်​ထားတဲ့ "မိုး"ရုပ်​ရှင်​ထုတ်​လုပ်​​ရေးကို ဦး​ဆောင်​ပြီး အရည်​အ​သွေးရှိတဲ့ ဇာတ်​ကား​ကောင်း​လေး​တွေကို ဖန်​တီး​နေတာပါ​။ အောင်မြင်မှုတွေကို စွန့်လွှတ်ပြီး မိခင်ကို အနီးကပ် ပြုစုနေတဲ့ မိုးဟေကိုကတော့ တကယ့်ကို လိမ္မာတဲ့ သမီးလေးပဲ ဖြစ်ပါတယ်။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း မိဘကို အရမ်းသိတတ်တဲ့ မမမိုးကိုချစ်​ရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Maybelline Myanmar's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။