စတန့် ပြကွက်တွေကို လူစားမထိုးပဲ ကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော်မင်းသားကြီးများ

Posted on - May 13 []

Douglas Thura

စာရေးသူ

တစ်ချို့ ရုပ်ရှင်ကားကြီးတွေမှာ စတန့် ပြကွက်တွေ ပီပြင်အသက်ဝင်လွန်းလို့ စတန့် မင်းသားတစ်ယောက် ၀င်ပြီးသရုပ်ဆောင်ထားတာလို့ ပဲ ပရိသတ်တွေက ထင်ကောင်းထင်နေကြမှာပါ။ တစ်ကယ်တော့ ခေါင်းဆောင်မင်းသားကြီးတွေလည်း အားပေးနေကြတဲ့ ပရိသတ်တွေအတွက် အသက်နဲ့ ရင်းပြီး စွန့် စားခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ တစ်ချို့ ဝါရင့်မင်းသားကြီးတွေဟာ သူတို့ ရဲ့ သရုပ်ဆောင်ချက်တွေ ပိုပြီးသက်ဝင်အရာထင်ဖို့ အတွက် စတန့် ပြကွက်တွေကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့ကြရပါတယ်။

Tom Cruise

မင်းသားကြီး Tom Cruise ကတော့ သူ့ ရဲ့ နာမည်ကြီး Mission Impossible Film Series ထဲက ကမ္ဘာပေါ်မှာအမြင့်ဆုံး တိုက်အမြင့်ကြီးတွေကို ကိုယ်တိုင်တက်ခဲ့ရတာဖြစ်ပါတယ်။ လေယာဉ်ပျံနေတဲ့အချိန်မှာ လေယာဉ်ကိုဖက်တွယ်ထားတဲ့အခန်းတွေမှာလည်း တစ်ကယ်သရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။

Jackie Chan

အော်စကာဆုရ မင်းသားကြီး Jackie Chan ကတော့ ဇာတ်ကားတိုင်းမှာ သက်စွန့် ဆံဖျား စတန့် ပြကွက်မျိုးစုံကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့ရတာပါ။ စတန့် ပြကွက်တွေကိုလည်း သူကိုယ်တိုင်လေ့ကျင့်ထားတဲ့ အကွက်တွေနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Keanu Reeves

မင်းသားကြီး Keanu Reeves ကတော့ သူ့ ရဲ့ နာမည်ကျော် Matrix ကားကြီးထဲမှာ စတန့် ပြကွက်တွေကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့တာပါတဲ့။ ဒဏ်ရာတွေရခဲ့လို့ ကပ်ခဲ့ရတဲ့ရေခဲအိတ်တွေက သက်သေပါပဲ တဲ့။

Christian Bale

မင်းသားကြီး Christian Bale ကတော့ နာမည်ကြီး Batman: Dark Knight Franchise အတွက် စတန့် ပြကွက်တော်တော်များများကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့ရတာပါ။

Matt Damon

မင်းသားကြီး Matt Damon ဟာ Bourne Film Series ထဲက စတန့် ပြကွက်တွေအကုန်လုံးကို သူပဲသရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ Courage Under Fire ရုပ်ရှင်မှာလည်း အရမ်းအန္တရာယ်များတဲ့ စတန့် ပြကွက်တွေကို သူကိုယ်တိုင်သရုပ်ဆောင်ခဲ့ရပါတယ်။

Ref : Ranker
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။