ပရိသတ်တွေ မြင်ဖူးထားသင့်တဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက အမိုက်စားရိုက်ကွင်းပုံရိပ်တွေ

Posted on - May 13 []

Douglas Thura

စာရေးသူ

Hollywood ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေနားမလည်နိုင်တဲ့ ရုပ်ရှင်နောက်ကွယ်က ဖြစ်ရပ်တွေအများအပြားရှိပါတယ်။ Hollywood ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ Budget သန်းပေါင်းရာချီပြီး အကုန်အကျခံရိုက်ကူးလေ့ရှိတာကြောင့် Income တွေ သောက်သောက်လဲပြန်လည်သိမ်းပိုက်နိုင်တာမှန်တယ်ဆိုပေမဲ့လည်း ဇာတ်ကားတစ်ကားမှာအဓိကကျတဲ့ သရုပ်ဆောင်တွေရဲ့ ရေကုန်ရေခမ်းကြိုးစားအားထုတ်မှုတွေမပါရင် ၀င်ငွေကောင်းစရာအကြောင်းမရှိပါဘူး။ ဒါ့အပြင် Hollywood သရုပ်ဆောင်တွေဟာ ကျရာဇာတ်ရုပ်နဲ့ လိုက်ဖက်တဲ့ အပြင်အဆင်မျိုးကို မတူတူအောင်လုပ်ယူကြရတာဖြစ်ပါတယ်။ ဂန္တ၀င်တွင်လောက်အောင် အသက်ဝင်ပီပြင်လွန်းတာကြောင့် မသေခင်အချိန်မှာတောင် မြင်ဖူးထားသင့်တဲ့ ကမ္ဘာကျော်ရုပ်ရှင်တွေထဲက ရိုက်ကွင်းပုံရိပ်တွေတစ်ချို့ ကို နာမည်ကြီးမီဒီယာတစ်ခုဖြစ်တဲ့ BrainBerries က တင်ပေးထားတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Love me tender ရုပ်ရှင်ရိုက်ကွင်းမှာတွေ့ ရတဲ့ မင်းသားကြီး Elvis Presley

ကာလာစုံရုပ်ရှင်တွေမပေါ်သေးစဉ်က အဖြူ၊အမဲ ရုပ်ရှင်ကားတွေထဲမှာ မင်းသားကြီး Elvis Presley ရဲ့ Love me tender ဇာတ်ကားဟာ တော်တော်လေး နာမည်ကြီးခဲ့ပါတယ်။ Love me tender ဇာတ်ကားဟာ Presley ရဲ့ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ခဲ့ပါတယ်။

Pulp Fiction ရုပ်ရှင်ရိုက်ကွင်းမှာ အတူတွေ့ ရတဲ့ မင်းသားကြီး Bruce Willis နဲ့ John Travolta

ထိတ်ထိတ်ကြဲမင်းသားကြီးတွေဖြစ်တဲ့ John Travolta, Samuel L. Jackson နဲ့ Bruce Willis တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Pulp Fiction ရုပ်ရှင်ကတော့ 90's Born တွေကြားမှာ တော်တော်လေးရေပန်းစားခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။

ရိုက်ကွင်းနားတုန်းလေး နေ့ လည်စာစား (Faun’s Labyrinth ဇာတ်ကား)

Pan's Labyrinth ဇာတ်ကားထဲက Pale Man ကိုတော့ ပရိသတ်တွေ အကြိုက်တွေ့ ခဲ့ကြမှာပါ။ လက်တွေ့ ရိုက်ကွင်းမှာတော့ Pale Man ကို အခုလိုမြင်တွေ့ ရမှာဖြစ်ပါတယ်။

ကလေးမလေးနဲ့လည်း အမှတ်တရဓာတ်ပုံရိုက်

ကမ္ဘာကျော် Titanic ရုပ်ရှင်ရိုက်ကွင်း

သင်ဟာ ဘယ်ခုနှစ်မှာပဲ မွေးဖွားခဲ့သူတစ်ယောက်ဖြစ်ပါစေ၊ Titanic ရုပ်ရှင်ကိုတော့ စွဲစွဲလမ်းလမ်းနှစ်ခြိုက်မိမှာအမှန်ပါပဲ။ လက်ရှိမှာလည်း ကမ္ဘာ့ ၀င်ငွေအကောင်းဆုံးနံပါတ်(၁)ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရပ်တည်နေတဲ့ Titanic ဇာတ်ကားရဲ့ ရိုက်ကွင်းပုံရိပ်တစ်ချို့ ကို ဖော်ပြပေးလိုက်ပါတယ်။

ဒါ ဘယ်ဇာတ်ဝင်ခန်းလဲ သိကြတယ်ဟုတ်

Star Wars ရုပ်ရှင်တွေကို ဖန်တီးခဲ့သူ George Lucas နဲ့ ဇာတ်ဝင်ပစ္စည်းတွေ

Star Wars ရုပ်ရှင်ချစ်သူတွေအတွက်ကတော့ George Lucas က ဘုရားသခင်တစ်ပါးလိုပါပဲ။ အမြော်အမြင်ရှိတဲ့ George ရဲ့ ဖန်တီးမှုတွေကြောင့်ပဲ ထွက်ရှိခဲ့သမျှ Star Wars အပိုင်းတိုင်းဟာ ၀က်ဝက်ကွဲအောင်မြင်လေ့ရှိတာဖြစ်ပါတယ်။

Star Wars ရုပ်ရှင်ရိုက်ကွင်းတစ်နေရာ

ပရိသတ်တွေကို အိပ်မက်ဆိုးတွေပါမက်စေခဲ့တဲ့ The Shining ရုပ်ရှင်ထဲက အမြွှာကလေးမလေးနှစ်ယောက်

Jurassic Park ရုပ်ရှင်ထဲက T-Rex အကောင်ရဲ့ ဖန်တီးမှု

ဒိုင်နိုဆောကြီးကလည်း Effect တွေသုံးပြီး ဖန်တီးထားတာမဟုတ်ဘူးနော်၊ အရုပ်ကြီးကိုပဲ အသုံးပြုထားတာ

ရုပ်ရှင်ချစ်ပရိသတ်ကြီးရေ ... ဂန္တဝင်တွင်ခဲ့တဲ့အထိ အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဖန်တီးရတာလည်း တစ်ကယ်ကိုမလွယ်ကူလှဘူးဆိုတာ အခုရိုက်ကွင်းပုံရိပ်တွေက ကောင်းကောင်းကြီးသက်သေပြနေပါတယ်နော်။ အခုလို ရှားပါးရိုက်ကွင်းပုံရိပ်တွေကို တစ်ဝကြီးကြည့်ရှုလိုက်ရတဲ့အတွက် ပရိသတ်ကြီးလည်း ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်နော်။

Ref : BrainBerries
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။