မိဘတွေ ဘေးနားရှိနေချိန်မှာ မကြည့်ရှုသင့်တဲ့ ကိုရီးယားဒရမ်မာတွေရဲ့ အနမ်းဇာတ်ဝင်ခန်းများ

Posted on - May 14 []

Mia Zin

စာရေးသူ

သင် ကိုရီးယားဇာတ်လမ်းတွဲ ကြည့်ပြီဆိုရင် ဘယ်သူတွေနဲ့၊ ဘယ်လိုအချိန်မျိုးတွေနဲ့ ကြည့်လေ့ရှိပါသလဲ။ တခြားသော ဇာတ်ကားတွေကိုတော့ မိဘတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ အတူတူကြည့်ရှုလို့ အဆင်ပြေကောင်း အဆင်ပြေနိုင်ပေမယ့်လည်း အခုတင်ဆက်ဖော်ပြပေးမယ့် ဇာတ်လမ်းတွဲတွေရဲ့ အနမ်းဇာတ်ဝင်ခန်းနေရာတွေကတော့ မိဘတွေနဲ့အတူတူ မကြည့်ရှုသင့်ဘူးလို့ ဆိုကြပါတယ်။ ဘယ်ဇာတ်ကားတွေ ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြရအောင်။

1. “Touch Your Heart”

မကြာသေးခင် လပိုင်းလောက်တုန်းကမှ ပြသသွားခဲ့တဲ့ ဒီဇာတ်ကားဟာဆိုရင် “Goblin” ဇာတ်လမ်းတွဲရိုက်ကူးပြီးနောက်ပိုင်း Lee Dong Wook နဲ့ Yoo In Na တို့ ၂ ယောက် နောက်ထပ်တစ်ကြိမ် အတူတူထပ်မံတွဲဖက်ပြီး သရုပ်ဆောင်ကြတဲ့ဇာတ်ကားဖြစ်တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်တစားအားပေးမှုကို အပြည့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက သိပ်အထွေအထူးမရှိပေမယ့်လည်း သူတို့ ၂ ဦးရဲ့ အနမ်းဇာတ်ဝင်ခန်းကတော့ အသက်ကန့်သတ်ရလောက်တဲ့အထိကို နာမည်ကြီးခဲ့ဖူးပါတယ်။

“Touch Your Heart” Kiss Scene

2. “The Third Charm”

ဆိုဖာပေါ်မှာ စကားပြောနေရင်းနဲ့ နမ်းလိုက်တဲ့ အနမ်းဇာတ်ဝင်ခန်းကို ဖော်ကျူးသရုပ်ဆောင်ခဲ့တဲ့ Seo Kang Joon နဲ့ Esom တို့ ၂ ယောက်ကိုတော့ ဆိုဖာပေါ်မှာ နမ်းတဲ့နေရာမှာ ဘုရင်နဲ့ ဘုရင်မလို့တောင် တင်စားခေါ်ခဲ့ကြဖူးပါတယ်။ ဟုတ်၊ မဟုတ်ကတော့ ပရိသတ်ကြီးတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြည့်ပေးလိုက်ကြပါဦး။

“The Third Charm” Kiss Scene

3. “Suspicious Partner”

ဒီလိုမျိုးသော အနမ်းဇာတ်ဝင်ခန်းတွေထဲမှာ “Suspicious Partner” ဇာတ်လမ်းတွဲထဲက Chang Wook နဲ့ Nam Ji Hyun တို့ ၂ ယောက်ရဲ့ အနမ်းဂဟေဆက်တဲ့အခန်းကလည်း နာမည်ကြီးတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းအနေနဲ့ ပါဝင်ပါတယ်။ ထိုဇာတ်ဝင်ခန်းဟာ တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ ခံစားချက်တွေကို ဖွင့်ထုတ်ပြတဲ့ ဇာတ်ဝင်ခန်းမျိုးလည်းဖြစ်တာကြောင့် ကြည်နူးမှုတွေကို အပြည့်ပေးနိုင်တယ်ဆိုပေမယ့်လည်း မိဘတွေနဲ့တော့ အတူတူမကြည့်ရှုသင့်ဖူးလို့ ဆိုပါတယ်။

“Suspicious Partner” Kiss Scene

4. “1 Percent Of Anything”

လက်ရှိမှာ Running Man ရဲ့ အဖွဲ့ဝင်အဖြစ်နဲ့ ပိုမိုလူသိများနေတဲ့ မင်းသမီး Jun So Min ကလည်း သေသပ်ပီပြင်လွန်းလှတဲ့ အနမ်းဇာတ်ဝင်ခန်းကို မင်းသား Ha Seok Jin နဲ့ အတူတူ “1 Percent Of Anything” ဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

“1 Percent Of Anything” Kiss Scene

5. “What’s Wrong with Secretary Kim”

အနမ်းဇာတ်ဝင်ခန်းရိုက်ကူးတဲ့နေရာမှာ ဆရာကျတဲ့သူလို့ တင်စားသတ်မှတ်ခံထားရတဲ့ မင်းသား Park Seo Joon နဲ့ မင်းသမီး Park Min Young တို့ ၂ ယောက်ရဲ့ “What’s Wrong with Secretary Kim” ထဲက ဒီအနမ်းဇာတ်ဝင်ခန်းဟာ ကိုရီးယားဒရမ်မာလောကရဲ့ အကောင်းဆုံးသော အနမ်းဇာတ်ဝင်ခန်းအဖြစ်နဲ့တောင် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

“What’s Wrong with Secretary Kim” Kiss Scene

6. “A Witch’s Romance”

ဒါကလည်း မင်းသား Park Seo Joon ရဲ့ နာမည်ကြီးတဲ့ နောက်ထပ်အနမ်းဇာတ်ဝင်ခန်းတစ်ခန်းပါပဲ။ သူ့ထက် အသက် ၁၉ နှစ်မျှကြီးတဲ့ မင်းသမီးကြီး Uhm Jung Hwa နဲ့ အတူတူပုံဖော်ရိုက်ကူးထားဖြစ်ပြီး အသက်ကန့်သတ်ချက်တွေနဲ့တောင် သတ်မှတ်ထားရတာဖြစ်တယ်လို့ သိရပါတယ်။

“A Witch’s Romance” Kiss Scene

Bonus : Her Private Life

ထုတ်လွှင့်ပြသတာ ပြီးစီးခြင်းမရှိသေးတဲ့ Her Private Life ဒီအနမ်းဇာတ်ဝင်းခန်းဟာလည်း မိဘတွေနဲ့တော့ အတူတူကြည့်ရှုဖို့အတွက် မသင့်တော်တဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတာကို ပရိသတ်တွေ အသိပဲဖြစ်ကြမှာပါနော်။

"HER PRIVATE LIFE" Kiss Scene

Ref : Soompi
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။