ရိုးမားနဲ့ပွဲမှာ အံ့မခန်းdribble စွမ်းရည်ကို ပြသခဲ့တဲ့ စီရော်နယ်ဒို

Posted on - May 14 []

Gunner Ksr

စာရေးသူ

ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ တစ်ရာသီကို အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းနဲ့အတူ ပထဆုံးရာသီမှာတော့စီရော်နယ်ဒို ရဲ့စွမ်းဆောင်ရည်က ကျေနပ်အားရစရာကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ စီရော်နယ်ဒိုဟာ အသင်းနဲ့အတူ လျင်လျင်မြန်မြန် အထိုင်ကျခဲ့ပြီး ပထမဆုံးရာသီမှာ စီးရီးအေချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ဒီနှစ်ရာသီမှာတော့ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၂ ပွဲကစားပြီး ၂၈ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ် ၃၆ မှာ ရိုးမားအသင်းနဲ့တွေ့ဆုံခဲ့ပြီး ၂-၀ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ အဲဒီပွဲစဉ်မှာ အကောင်းဆုံးကြိုးပမ်းခဲ့ပေမယ့်လည်း အမှတ်လိုအပ်ချက်ပြင်းထန်နေတဲ့ အိမ်ရှင်အ သင်းကို ဘယ်လိုမှ တားဆီးနိုင်စွမ်းမရှိပါဘူး။

စီရော်နယ်ဒိုကတော့ ရိုးမားနဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ အံ့မခန်း dribble စွမ်းရည်ကြောင့် အားလုံးရဲ့ချီးကျူးမှုကို ခံခဲ့ရပါတယ်။ အရင်တုန်းက စီရော်နယ်ဒိုအနေနဲ့ သူဟာ dribble စွမ်းရည်ကောင်းတဲ့သူမဟုတ်ဘူးလို့ ၀န်ခံပြောကြားခဲ့ဖူးပါတယ်။

ဒါပေမယ့် ရိုးမားနဲ့ပွဲစဉ်မှာတော့ စီရော်နယ်ဒို ပြသခဲ့တဲ့ dribble စွမ်းရည်ကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ပွဲချိန် ၁၅ မိနစ်မှာ ပြသခဲ့တာဖြစ်ပြီး ရိုးမားကစားသမားတွေ အသည်းအသန်လိုက်လံတားဆီးနေတဲ့ကြားက စီရော်နယ်ဒိုဟာ dribble စွမ်းရည်နဲ့ ဂိုးဧရိယာအထိဝင်ရောက်လာပြီး အသင်းဖော် ဒိုင်ဘာလာ ဂိုးကန်သွင်းခွင့်ရအောင် ဖန်တီးပေးခဲ့တာပါ။

ဒိုင်ဘာလာက အပိုင်ကန်သွင်းခဲ့ပေမယ့်လည်း ရိုးမားဂိုးသမားကာကွယ်သွားနိုင်ခဲ့လို့ ဂျူဗင်တပ်တို့ နစ်နာခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စီရော်နယ်ဒိုရဲ့ dribbleစွမ်းရည်ကို ပရိသတ်တွေက ချီးကျူးခဲ့ကြပါ တယ်။ စီရော်နယ်ဒိုဟာ သူ့အနေနဲ့ လာမယ့်ရာသီမှာ ဂျူဗင်တပ်အသင်းမှာပဲ သေချာပေါက် ဆက်ရှိမယ်လို့ အတည်ပြုပြောကြားထားခဲ့သူ ဖြစ်ပါတယ်။

အံ့မခန်း dribble စွမ်းရည်ကို ပြသခဲ့တဲ့ စီရော်နယ်ဒို

Ref Sport bible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။