ပရီးမီးယားလိဂ်ရဲ့ ဒုတိယအညစ်ပတ်ဆုံးအသင်းအဖြစ် မန်ယု ရပ်တည်

Posted on - May 14 []

Gunner Ksr

စာရေးသူ

၂၀၁၈-၁၉ ပရီးမီးယားလိဂ်ရာသီနဲ့ Fair Play မှတ်တမ်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်မှုပြုလုပ်ခဲ့ရာမှာတော့ ၀က်ဖို့ဒ်အသင်းက ဒီရာသီပရီးမီးယားလိဂ်ရဲ့ စည်းကမ်းပိုင်းဆိုင်ရားအားအနည်းဆုံး တစ်နည်းအားဖြင့် အညစ်ပတ် ဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။ အဲဒီစစ်တမ်းကို ဘောလုံးသမားတွေရဲ့ဈေးကွက်ဆိုင်ရာတန်ဖိုး၊ အချက်အလက်တွေကို စစ်တမ်းကောက်ယူလေ့ရှိတဲ့ Transfer Markt က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Transfer Markt အနေနဲ့ တစ်သင်းချင်းစီရဲ့ အ၀ါကတ်၊ အနီကတ် အကြိမ်အရေအတွက်၊ ပြစ်ဒဏ်ဘောကျူးလွန်မှုအရေအတွက်ကို အခြေခံပြီး ရမှတ်နဲ့ တွက်ချက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို တွက်ချက်ရာမှာတော့ ၀က်ဖို့ဒ်အသင်းဟာ ၂၀၁၈-၁၉ ပရီးမီးယားလိဂ်ရာသီမှာ အ၀ါကတ် ၇၆ ကြိမ်၊ အနီကတ် ၃ ကြိမ် ပြသခဲ့ရပြီး ၉၄ မှတ်အထိရရှိကာ ပရီးမီးယားလိဂ်ရဲ့ အညစ်ပတ်ဆုံးအသင်းအဖြစ် တည်ရှိခဲ့တာ ဖြစ်ပါတယ်။

ဝက်ဖို့ဒ်ရဲ့နောက် ဒုတိယနေရာမှာတော့ မန်ယူအသင်းက ရပ်တည်လျက်ရှိနေပါတယ်။ မန်ယူအသင်းဟာ အ၀ါကတ် ၇၂ ကြိမ်၊ အနီကတ် ၂ ကြိမ် အပြသခံခဲ့ရပြီး ပြစ်ဒဏ်ဘောစုစုပေါင်း ၄၁၉ ကြိမ်ကျူးလွန်းခဲ့ကာ ရမှတ် ၈၇ မှတ်နဲ့ ပရီးမီးယားလိဂ်ရဲ့ ဒုတိယအညစ်ပတ် ဆုံးအသင်း ဖြစ်ခဲ့ပါတယ်။

နောက်ထပ်နာမည်ကြီး ထိပ်တန်းအသင်းအသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်ကတော့ ရမှတ် ၇၉ မှတ်နဲ့ စတုတ္ထအညစ်ပတ်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။ အာဆင်နယ်ဟာ အ၀ါကတ် ၇၁ ကြိမ်၊ အနီကတ် ၁ ကြိမ်ထိခဲ့တာဖြစ်ပါတယ်။

ရမှတ် ၉၇ မှတ်နဲ့ ပရီးမီးယားလိဂ်ချန်ပီယုံဆုကို လက်လွှတ်ခဲ့ရတဲ့ လီဗာပူးအသင်းကတော့ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ရဲ့ အသန့်ရှင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့တစ်ရာသီလုံးမှာ အ၀ါကတ် ၃၅ ကြိမ်ထိခဲ့ပြီး တိုက်ရိုက်အနီကတ် ၁ ကြိမ်မှ အပြသမခံခဲ့ရဘဲ ရမှတ် ၄၁ မှတ်သာရှိခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းကတော့ လီဗာပူးရဲ့နောက် ဒုတိယအသန့်ရှင်းဆုံးအသင်း အဖြစ် တည်ရှိနေပါတယ်။

၂၀၁၈-၁၉ ပရီးမီးယားလိဂ်ရာသီ စည်းကမ်းပိုင်းဆိုင်ရာ အမှတ်ပေးဇယား

Ref Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။