အမိုက်စားရိုက်ချက်တွေနဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ Maleficent 2 teaser

Posted on - May 14 []

Douglas Thura

စာရေးသူ

2019 ခုနှစ်ကတော့ နိုင်ငံတကာရုပ်ရှင်ချစ်သူတွေအတွက် ရင်ခုန်စရာအကောင်းဆုံးနှစ်တစ်နှစ်လို့ ဆိုရမှာဖြစ်ပြီး လတိုင်းလိုလိုမှာ ရုပ်ရှင်ဇာတ်ကားကောင်းတွေ အဆက်မပြတ် ရုံတင်ပြသနေတာကြောင့် ရုပ်ရှင်ချစ်သူတွေအနေနဲ့ ရုပ်ရှင်ရုံနားမှာ အိမ်ငှားပြီးနေရမလိုတောင် ဖြစ်နေတာအမှန်ပါ။ အခုလည်း Disney ရဲ့လူကြိုက်အများဆုံး ရုပ်ရှင်ဇာတ်ကားတွေထဲက တစ်ကားအပါအဝင်ဖြစ်တဲ့ Maleficent ရဲ့အပိုင်းဆက်ရုပ်ရှင် Maleficent: Mistress of Evil ရဲ့official teaser ထွက်ရှိလာပြီဖြစ်ပါတယ်။

Maleficent: Mistress of Evil ရုပ်ရှင်ကို ဒါရိုက်တာ Joachim Rønning က ရိုက်ကူးပုံဖော်ထားပြီး Maleficent 1 က အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Angelina Jolie, Elle Fanning တို့က ပြန်လည်ပါဝင်သရုပ်ဆောင်ထားကာ မင်းသားချော Brendon Thwaites ရဲ့ နေရာမှာတော့ Harris Dickinson က အစားထိုးသရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

Maleficent 1 ထွက်ရှိပြီးတည်းက Maleficent 2 လည်း ထွက်ရှိလာနိုင်ဦးမယ်လို့ Jolie က ပြောဆိုခဲ့တာဖြစ်ပြီး 2016 ခုနှစ်၊ဧပြီလမှာတော့ Jolie ဟာ Maleficent 2 မှာ ပါဝင်သရုပ်ဆောင်ဖို့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ Maleficent 2 ကို 2017 ခုနှစ်၊ အောက်တိုဘာလမှာ အင်္ဂလန်မြို့က Pinewood Studios မှာ စတင်ရိုက်ကူးခဲ့ပြီး Jolie နဲ့ Fanning က ရိုက်ကွင်းပုံရိပ်တစ်ချို့နဲ့ ပရိသတ်တွေကို tease ခဲ့ပါသေးတယ်။

Mistress of Evil ဆိုတဲ့အတိုင်း ယခုအပိုင်းမှာတော့ Maleficent ရဲ့တစ်ကယ့် evil ဆန်ဆန် စွမ်းအားတွေနဲ့ ခပ်ကြမ်းကြမ်းတိုက်ကွက်တွေကို ကြည့်ရှုခံစားရတော့မှာဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ Maleficent နဲ့ မွေးစားသမီးလေး အော်ရိုရာတို့ဟာ သူတို့ရဲ့ ဌာနေအတွင်းကျရောက်လာမယ့် မှော်စုန်းတွေ၊ သတ္တဝါဆန်းတွေနဲ့ အန္တရာယ်အသစ်တွေကို ခုခံဖို့အတွက် နည်းလမ်းရှာပြီး တိုက်ခိုက်ရမှာဖြစ်ပါတယ်။

Disney ကတော့ 2019 ခုနှစ်အတွင်းမှာပဲ live-action ဇာတ်ကားများစွာနဲ့အတူ ယခု Maleficent; Mistress of Evil ရုပ်ရှင် teaser ကိုလည်း ထုတ်လိုက်ပြီး ခမ်းနားလွန်းတဲ့ရိုက်ချက်တွေနဲ့ ပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့ပြန်ပါပြီ။ Mistress of Evil ရုပ်ရှင်ကိုတော့ 2019 ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်နေ့မှာ ကမ္ဘာအနှံ့ရုံတင်ပြသသွားမှာဖြစ်ပြီး teaser ကို မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက် အောက်မှာ video နဲ့တကွ တင်ပေးလိုက်ပါတယ်နော်။

Disney's Maleficent: Mistress of Evil teaser

Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။