Park Min Young ရဲ့ “Her Private Life” ရိုက်ကွင်းကို ကော်ဖီကားပို့ပေးခဲ့တဲ့ Jessica

Posted on - May 14 []

Mia Zin

စာရေးသူ

SNSD ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ Jessica ဟာ သူမရဲ့ သူငယ်ချင်းဖြစ်သူ Park Min Young လက်ရှိရိုက်ကူးနေတဲ့ “Her Private Life” ရိုက်ကွင်းကို ကော်ဖီလှည်းပို့ပြီး အားပေးခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို Park Min Young က သူမရဲ့ အင်စတာဂရမ်အကောင့်ကနေတဆင့် အသိပေးခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ၂ ပုံနဲ့အတူ "ချစ်တယ် Jessica" ဆိုတဲ့ စာသားလေးကို တင်ထားခဲ့ပြီး ကော်ဖီကားမှာတော့ သူမတို့ ၂ ယောက် အတူတွဲရိုက်ထားတဲ့ပုံလေးတွေကို ပြသထားတာကို တွေ့ရပါတယ်။

Banner မှာတော့ "Duk Min Young နဲ့ ‘Her Private Life’ ထဲက သရုပ်ဆောင်တွေနဲ့ ၀န်ထမ်းတွေအားလုံး ပြီးတဲ့အထိ အေးဆေးသုံးဆောင်ကြပါ" ဆိုတဲ့ စာသားလေးရေးထားပြီး နောက်ထပ် Banner တစ်ခုမှာတော့ "Her Private Life ကို Jeesica အားပေးနေပါတယ်နော်" လို့ ရေးထားပါတယ်။ Duk Min Young ဆိုတဲ့ နာမည်ကတော့ ‘Her Private Life' ဇာတ်ကားထဲက Duk Mi ဆိုတဲ့ နာမည်နဲ့ Park Min Young နာမည်တို့ကို ပေါင်းစပ်ပြီးတော့ ခေါ်ဆိုတဲ့နာမည်လေးဖြစ်ပါတယ်။

Park Min Young နဲ့ Jessica တို့ ၂ယောက်ဟာ အနုပညာလောကမှာ ပွဲမထွက်ခင်အချိန်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေအဖြစ်နဲ့ ခင်မင်လာခဲ့ကြတာဖြစ်ပြီး သူတို့ ၂ ယောက်ရဲ့ ခင်မင်မှုသက်တမ်းက အခုဆိုရင် ၁၆ နှစ်ကျော်နေပြီ ဖြစ်ပါတယ်။

တစ်နိုင်ငံဆီခြားနေကြပေမယ့်လည်း သူငယ်ချင်း ၂ ယောက်ရဲ့ ခင်မင်မှုကတော့ နွေးထွေးနေဆဲပါပဲနော်။ Park Min Young ပါဝင်သရုပ်ဆောင်ထားတဲ့ “Her Private Life” ဇာတ်လမ်းတွဲကို စောင့်မျှော်အားပေးနေကြတဲ့ ပရိသတ်တွေများ ရှိကြရဲ့လား။

Ref : Soompi
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။