(၃) နာရီအကြာစစ်ဆေးပြီးမှာ တရားရုံးကနေ လက်ထိပ်ခတ်ခံပြီး ထွက်ရှိလာတဲ့ Seungri

Posted on - May 14 []

Mia Zin

စာရေးသူ

ပြည့်တန်ဆာမှုတွေနဲ့ တရားစွဲခံထားရတဲ့ Seungri ဟာ စစ်ဆေးမေးမြန်းမှုတွေကို ခံယူဖို့အတွက် ဒီနေ့မနက်အစောပိုင်းမှာ Seocho မှာရှိတဲ့ တရားရုံးကို ရောက်ရှိလာခဲ့ပြီး ၃ နာရီအကြာစစ်ဆေးခဲ့ပြီးမှာတော့ ပြန်လည်ထွက်ရှိလာခဲ့ပါတယ်။ မနက်ပိုင်းရောက်ရှိလာချိန်တုန်းက အကောင်းဆုံးသော အခြေအနေတွေနဲ့ တရားရုံးကနေ ပြန်လည်ထွက်ရှိလာမယ်လို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့်လည်း တကယ်တမ်း ထွက်ရှိလာတဲ့ အချိန်မှာတော့ ပရိသတ်တွေ ထင်ထားသလို မဟုတ်ခဲ့ပါဘူး။

လက်နှစ်ဘက်ကို လက်ထိပ်ခတ်ထားတဲ့အပြင် ကြိုးတွေနဲ့ တုပ်နှောင်ခံရပြီး ထွက်ရှိလာတဲ့ Seungri ရဲ့ပုံရိပ်တွေက စောင့်မျှော်နေကြတဲ့ ပရိသတ်တွေရဲ့ရင်ကို ဆို့နင့်စေခဲ့ပါတယ်။ ဘေးနားမှာလည်း တာဝန်ရှိသူတွေက Seungri ဝန်းရံပြီး ကားဆီသို့ခေါ်ဆောင်သွားခံရတာဖြစ်ပါတယ်။

အပြင်မှာစောင့်နေကြတဲ့ သတင်းထောက်တွေက Seungri ကို မေးခွန်တွေမေးခဲ့ပေမယ့်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ လက်နှစ်ဘက်ကို အဝတ်နဲ့အုပ်ထားတယ်ဆိုတဲ့ အကြောင်းအရင်းဟာ လက်ထိပ်ခတ်ခံရတာကို အများပြည်သူတွေ မတွေ့စေချင်တဲ့သဘောပဲ ဖြစ်ပါတယ်။

လက်နှစ်ဘက်ကို ကြိုးတုပ်ထားတဲ့ ပုံတွေကို ဝါးထားခြင်းကလည်း အဆိုပါသဘောအတိုင်းပဲ ဖြစ်ပါတယ်။ဒီပုံတွေကို ကြည့်ခြင်းအားဖြင့် Choi Jonghoon နဲ့ Jung Joon Young တို့လို အခြေအနေအတိုင်း ရင်ဆိုင်ရဖို့ အလားအလာ ရှိနေတယ်လို့ သုံးသပ်ထားကြပါတယ်။

တရားရုံးရဲ့ဆုံးဖြတ်ချက်ကတော့ တရားဝင်မထွက်ရှိလာသေးတာကြောင့် ပရိသတ်တွေလည်း စိုးရိမ်တကြီး စောင့်မျှော်နေကြပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။