နာမည်ကြီး Horror ဇာတ်ကားတွေထဲက အကြမ်းဆုံး လူသတ်ဇာတ်ကောင်များ

Posted on - May 14 []

Douglas Thura

စာရေးသူ

Hollywood ရုပ်ရှင်ဇာတ်ကားတွေဟာ တစ်ကမ္ဘာလုံးက ရုပ်ရှင်ချစ်ပရိသတ်တွေအားပေးမှုရရှိတဲ့အတိုင်းအတာနဲ့ အညီ တစ်နှစ်ထက်တစ်နှစ် အရည်အသွေးကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ဆက်လက်ထုတ်လုပ်ရိုက်ကူးနေဆဲဖြစ်ပြီး ပရိသတ်တွေကလည်း Quality ပြည့်ဝတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရုံပြည့်လျှံပြည့်အားပေးတတ်ကြတာကြောင့် Box Office တွေမှာ နေရာကောင်းကိုရရှိပြီး ကမ္ဘာ့ အနှံ့ ရုံတင်ဝင်ငွေတွေကိုလည်း သိမ်းကြုံးယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်တွေ အားပေးမှုအများဆုံးရုပ်ရှင်ဇာတ်ကားတွေထဲမှာ Horror ဇာတ်ကားတွေလည်းအပါအ၀င်ဖြစ်ပြီး ကြောက်လန့် ရတဲ့ခံစားမှုကိုမှ ကြည့်ချင်ကြတဲ့ ပရိသတ်တွေပိုမိုများပြားတာကြောင့် ထိတ်လန့် သည်းဖိုဇာတ်ကားတွေဟာ ပိုပြီးအောင်မြင်လေ့ရှိတာဖြစ်ပါတယ်။ Horror ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် နာမည်ကြီး Horror ဇာတ်ကားတွေထဲက အကြမ်းဆုံး လူသတ်ဇာတ်ကောင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Hellraiser ဇာတ်ကားထဲက Pinhead

The Ring ဇာတ်ကားထဲက Samara ဇာတ်ကောင်

Silence Of The Lambs ဇာတ်ကားထဲက Hannibal Lecter ဇာတ်ကောင်

HALLOWEEN ဇာတ်ကားထဲက Michael Myers ဇာတ်ကောင်

Child's Play ဇာတ်ကားထဲက Chucky ဇာတ်ကောင်

Friday the 13th ဇာတ်ကားထဲက Jason Voorhees ဇာတ်ကောင်

IT ဇာတ်ကားထဲက Pennywise ဇာတ်ကောင်

A Nightmare On Elm Street ဇာတ်ကားထဲက Freddy Krueger ဇာတ်ကောင်

Alien ဇာတ်ကားထဲက The Xenomorph ဇာတ်ကောင်

ပရိသတ်ကြီးရေ၊ အခုဖော်ပြပေးခဲ့တာကတော့ နာမည်ကျော် Horror ရုပ်ရှင်ကားတွေထဲကမှ အကြမ်းရမ်းဆုံး လူသတ်ဇာတ်ကောင်တွေပဲဖြစ်ပါတယ်။ တစ်ချို့ လူသတ်ကောင်တွေကတော့ သွေးအေးအေးနဲ့ သတ်ဖြတ်တဲ့ပုံစံကို ကြည့်ရှုခံစားရမှာဖြစ်ပြီး တစ်ချို့ ကတော့ မြင်မြင်သမျှလူတိုင်းကို လိုက်လံသတ်ဖြတ်နေတဲ့ စိတ္တဇလူသတ်သမားတွေပဲဖြစ်ပါတယ်။ ဘယ်လူသတ်ဇာတ်ကောင်ကို အကြိုက်ဆုံးလဲဆိုတာ ပရိသတ်ကြီးက ပြောပြသွားခဲ့ဦးနော်။

Ref : BrainBerries
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။