နွေးထွေးတဲ့နှလုံးသားပိုင်ရှင်Sonကို ပရိသတ်တွေ အချစ်ပိုနေရတဲ့အကြောင်းရင်း

Posted on - May 15 []

Gunner Ksr

စာရေးသူ

စပါးတိုက်စစ်မှူးဆွန်ဟောင်မင်ကတော့ ဘောလုံးလောကမှာ အခန့်ညားဆုံးနဲ့ မေတ္တာပြည့်ဝသူတွေထဲကတစ်ယောက်ပါ။ ပြောရရင် ဆွန်ဟောင်မင်ဟာ နွေးထွေးတဲ့နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားသူလို့ ဆိုရမှာပါ။ စပါး အသင်းရဲ့ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ အဲဗာတန်နဲ့ပွဲစဉ်မှာတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဆွန်ဟောင်မင်တစ်ယောက် ပါဝင်ကစားခွင့်မရခဲ့ပါဘူး။ ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ဘုန်းမောက်နဲ့ပွဲမှာ လာမာကို ဒေါသအလျှောက် စိတ်မ ထိန်းနိုင်ဘဲ တုံ့ပြန်ခဲ့မိလို့ အနီကတ်ထိခဲ့တာပါ။

ဒါပေမယ့် အဲဒီပွဲစဉ်အပြီးမှာတော့ ဆွန်ဟောင်မင်ဟာ ကွင်းထဲကိုဝင်လာရင်း ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီမှာ စပါးရဲ့ကစားသမားတွေဟာ သူတို့ရဲ့ကလေးငယ်တွေကို ကွင်းအတွင်းကိုခေါ်ဆောင်လာခဲ့တယ်။ အဲဒီမှာ ဆွန်ဟောင်မင်နဲ့ စတွေ့တော့တာပါပဲ။

ကလေးချစ်တတ်တဲ့ ဆွန်ဟောင်မင်ဟာ သူ့အသင်းဖော်တွေရဲ့ ကလေးငယ်တွေနဲ့ အတူဆော့ကစားကာ ကလေးတွေကိုလိုက်ပြီး မြူနေတာကို တွေ့ရမှာပါ။ တကယ့်ကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးပုံစံနဲ့ သူကိုယ်တိုင်ကလေးတစ်ယောက်လို ကလေးငယ် တွေနဲ့အတူ ဆော့နေတဲ့ ဆွန်ဟောင်မင်ရဲ့ ပုံရိပ်တွေက မြင်သူတိုင်းကို ကြည်နူးစရာပါပဲ။

အဲဒီဗီဒီယိုဖိုင် ထွက်ပေါ်လာပြီးနောက်မှာ စပါးပရိသတ်တွေက ဆွန်ဟောင်မင်အပေါ် အချစ်ပိုခဲ့ကြသလို တခြားပရိသတ်တွေအနေနဲ့လည်း ဆွန်ဟောင်မင်ရဲ့နွေးထွေးတဲ့မေတ္တာတရားကို အသိအမှတ်ပြုခဲ့ကြပါတယ်။ ပွဲ အပြီးမှာတော့ ဆွန်ဟောင်မင်က အခုလိုပဲ ပြောကြားသွားခဲ့ပါသေးတယ်။

"ကျွန်တော်တို့မှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကွင်းမှာ ကစားရပြီး ကမ္ဘာ့အကောင်းဆုံးလေ့ကျင့်ရေးကွင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ နောက်ပြီး ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲလည်း ကစားရပါဦးမယ်"ဆိုပြီး ဆွန်ဟောင်မင်က ပြောကြားသွားခဲ့တာပါ။ ဘာပဲပြောပြော ဒီလိုအချက်တွေကြောင့်ပဲ ပရိသတ်တွေဟာ ဆွန်ဟောင်မင်ကို အချစ်ပိုနေကြရတာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ အခုနှစ်ရာသီ စပါးအသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သူဖြစ် ပါတယ်။

Ref Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။