အပြောင်းအရွှေ့မှာ ငွေထုပ်ပိုက်ပြီး ပွဲကြမ်းဦးမယ့် ဂွါဒီယိုလာနဲ့ မန်စီးတီး

Posted on - May 15 []

Gunner Ksr

စာရေးသူ

၂၀၁၈-၁၉ ပရီးမီးယားလိဂ်ရာသီဟာ ပြီးဆုံးသွားခဲ့ပေမယ့်လည်း ကလပ်အသင်းတွေအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ စိတ်ကြိုက်ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် အခုကတည်းက ပြင်ဆင်မှုတွေ စတင် ပြုလုပ်ရတော့မှာပါ။ ဒါကြောင့် ပြိုင်ပွဲပြီးဆုံးသွားပေမယ့်လည်း သက်ဆိုင်ရာနည်းပြတွေအဖို့ သိပ်ပြီးအနားရမယ်မထင်ပါဘူး။ အဲဒီအထဲမှာမှ ပရီးမီးယားလိဂ် ၂ နှစ်ဆက်ချန်ပီယံမန်စီးတီးနည်းပြဂွါဒီယိုလာက အခြားသူတွေ ထက်ပိုပြီး အလုပ်ရှုပ်ဆုံးဖြစ်မှာပါ။

ဒါကြောင့် ဂွါဒီယိုလာအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် အသင်းရဲ့လက်ရှိလူစာရင်းကို လာမယ့်နွေရာသီမှာ စိတ်ကြိုက်ကစားသမားတွေခေါ်ပြီး အင်အားဖြည့်တင်းဖို့ရှိနေပါတယ်။ ပြောရမယ်ဆိုရင် ဂွါဒီယိုလာဟာ နွေရာသီအပြောင်းအရွှေ့မှာ ငွေထုပ်ပိုက်ပြီး ပွဲကြမ်းဦးမှာဖြစ်ပါတယ်။

သတင်းတွေအရတော့ မန်စီးတီးအသင်းဟာ ဂွါဒီယိုလာအတွက် စုစုပေါင်းအသုံးစရိတ် ပေါင်သန်း ၂၀၀ ထုတ်ပေးထားတယ်လို့ သိရပါတယ်။ ဂွါဒီယိုလာဟာ နောက်ခံလူတစ်ယောက်၊ ကွင်းလယ်လူနှစ်ယောက်နဲ့ တိုက်စစ် မှူးတစ်ယောက် ခေါ်ယူဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။

ဂွါဒီယိုလာဟာ နောက်ခံလူနေရာအတွက် အေဂျက်ဇ်လူငယ်နောက်ခံလူဒီလိုက်ခ်ျကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ တကယ်လို့ ဒီလိုက်ခ်ျကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့ လက်စတာနောက်ခံလူမက်ဂွဲရားကို ခေါ်ယူ သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် မန်စီးတီးဟာ အသက်အရွယ်ရလာတဲ့ဖာနန်ဒင်ဟိုရဲ့နေရာကို အစားထိုးဖို့အတွက် အက်သလက်တီကိုကွင်းလယ်လူတွေဖြစ်တဲ့ ရိုဒရီနဲ့ ဆောနီဂွတ်ဇ်တို့ကို စိတ်ဝင်စားလျက်ရှိနေပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ လိုင်ယွန်ကွင်းလယ်လူအော်လူအာကလည်း မန်စီးတီးရဲ့ ပစ်မှတ်ဖြစ်ပါတယ်။ တိုက်စစ်မှူးနေရာအတွက်တော့ မန်စီးတီးဟာ ဖရန့်ဖတ်တိုက်စစ်မှူးလူကာဂျိုဗစ်နဲ့ ဘင်ဖီကာတိုက်စစ်မှူးဖီလစ်တို့ကို ပစ်မှတ်ထား လျက်ရှိနေပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံအသင်းဆီကို ဘယ်ကစားသမားတွေ ရောက်လာမလဲဆိုတာကလည်း ရင်ခုန်စိတ်လှုပ်စရားပါပဲ။

Ref Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။