အမ်လီဂရီနဲ့ ရော်နယ်ဒို ဘယ်သူပိုပြီးအရေးပါသလဲဆိုတာ ပြောခဲ့တဲ့ နာပိုလီဥက္ကဋ္ဌ

Posted on - May 15 []

Gunner Ksr

စာရေးသူ

စီရော်နယ်ဒိုဆိုတာ ခေါင်းဆောင်အရည်အချင်းလုံးဝပြည့်ဝတဲ့ ကစားသမားတစ်ယောက်ဆိုတာ အငြင်းပွားဖွယ်မရှိပါဘူး။ သူ့ရဲ့ပြင်းပြတဲ့စိတ်ဓာတ်တွေနဲ့ အသင်းကိုဦးဆောင်မောင်းနှင်နိုင်သူပါ။ ယူရို၂၀၁၆ ဗိုလ်လုပွဲမှာ လည်း ကွင်းဘေးကနေ အသင်းသားတွေကို အကောင်းဆုံးမောင်းနှင်နေတဲ့စီရော်နယ်ဒိုရဲ့ပုံရိပ်တွေကလည်း မမေ့နိုင်စရာပါပဲ။ ဒါကြောင့်ပဲ နာပိုလီဥက္ကဋ္ဌဒီလော်ရန်တေးက ဂျူဗင်တပ်အသင်းမှာ အမှန်တကယ်နည်းပြ ဟာ အမ်လီဂရီမဟုတ်ဘဲ စီရော်နယ်ဒိုသာ ဖြစ်တဲ့အကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဒီလော်ရန်တေးက ဂျူဗင်တပ်မှာ နည်းပြအမ်လီဂရီထက် စီရော်နယ်ဒိုဟာ အသင်းကိုဦးဆောင်နိုင်ပြီး ပိုပြီးအရေးပါကြောင်း ပြောကြားသွားခဲ့တာပါ။ ဒီလော်ရန်တေးက "စီရော်နယ်ဒိုဟာ လုံးဝသန်မာသူဖြစ်တာကြောင့် နည်းပြနဲ့ အစားထိုးသင့်ပါတယ်။

ဒီရာသီမှာ အမ်လီဂရီဟာ ဘာတွေများစွမ်းဆောင်ပြနိုင်ခဲ့လို့လဲ။ အသင်းကို တကယ့်ဦးဆောင်ပြီး အ၀တ်လဲခန်းမှာ စိတ်ဓာတ်ခွန်အားတွေပေးစွမ်းနိုင်သူက စီရော်နယ်ဒိုပါပဲ။ သူ့အနေနဲ့ နိုင်ငံအသင်းအတွက် ကစားနေတဲ့ အချိန်မှာ ကွင်းဘေးကနေ နည်းပြတစ်ယောက်ထက်တောင် အသင်းကိုမောင်းနှင်ပြီး နိုင်ပွဲရအောင် ဖန်တီးနိုင်ခဲ့တယ်လေ"ဆိုပြီး ပြောကြားသွားခဲ့တာပါ။

စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကို ရောက်ရှိပြီး ပထမဆုံးရာသီမှာပဲ အသင်းနဲ့လျင်လျင်မြန်မြန် အထိုင်ကျကာ စီးရီးအေချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ အမ်လီဂရီနဲ့ စီရော်နယ်ဒိုတို့ကြားဆက်ဆံရေးဟာ ကောင်းမွန် လျက်ရှိတယ်လို့လည်း သိရပါတယ်။

ဂျူဗင်တပ်နည်းပြအမ်လီဂရီဟာ ရာသီအကုန်မှာ အသင်းကနေထွက်ခွာမှာဖြစ်လို့ ဂျူဗင်တပ်အနေနဲ့ နည်းပြသစ်ကို ခန့်အပ်မယ်ဆိုရင် စီရော်နယ်ဒိုနဲ့ ဓာတ်တွေ့မယ့် နည်းပြကိုသာ ခန့်အပ်သင့်တယ်လို့ မီဒီယာတွေက သုံးသပ်လျက်ရှိနေကြပါတယ်။ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၂ ပွဲကစားပြီး ၂၈ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

Ref All Football

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။