ARMY ချာတိတ်လေးကို သူဆောင်းထားတဲ့ဦးထုပ်ချွတ်ပေးခဲ့တဲ့ V

Posted on - May 15 []

Gunner Ksr

စာရေးသူ

နာမည်ကျော် BTS အဖွဲ့ဝင် V ဟာ ဖျော်ဖြေပွဲကိုလာကြည့်တဲ့ ARMY ချာတိတ်လေးတစ်ဦးကို ထူးခြားတဲ့လက်ဆောင်တစ်ခုအဖြစ် သူဆောင်းထားတဲ့ဦးထုပ်ကို ချွတ်ပေးခဲ့ပါတယ်။ မေလ ၁၂ ရက်နေ့မှာ BTS အဖွဲ့ဟာ ချီကာဂိုမှာ Love Yourself: Speak Yourself' ဖျော်ဖြေပွဲကို ကျင်းပခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော ပရိသတ်တွေဟာ BTS အဖွဲ့ရဲ့Love Yourself: Speak Yourself' ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုခဲ့တာကို တွေ့မြင်ရမှာပါ။

BTS ရဲ့ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုတဲ့ပရိသတ်တွေအထဲမှာ မိန်းကလေးပရိသတ်တွေတင်မကဘဲ ယောက်ျားလေးပရိသတ်တွေလည်း များစွာပါဝင်ခဲ့ပါတယ်။ အဲဒီအထဲမှာမှ ချာတိတ်လေးတစ်ဦးဟာ ကံကောင်းလွန်းခဲ့တယ်လို့ ဆိုရမှာပါ။

V ဟာ စင်ပေါ်မှာ ဖျော်ဖြေနေရင်း အဲဒီချာတိတ်လေးကို သတိထားမိသွားပါတော့တယ်။ အဲဒီမှာ V ဟာသူဆောင်းထားတဲ့ဦးထုတ်ကို ချွတ်လိုက်ပြီး အဲဒီချာတိတ်လေးကို ဦးထုတ်ပေးလိုက်ရမလားလို့ ပရိသတ်တွေကို မေးမြန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ V ဟာ ဦးထုပ်ကို ကိုယ်တိုင်ကိုယ်ကျ သွားပေးခဲ့ပါတယ်။

အဲဒီချာတိတ်လေးဟာ V ရဲ့အမာခံပရိသတ်ဖြစ်ပြီး V ၀တ်ဆင်ခဲ့တဲ့အကျီကိုဝတ်ကာ ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ ချာတိတ်လေးဟာ သူ့ရဲ့ Idol တစ်ယောက်ဖြစ်တဲ့ V ဆီက ဒီလိုမျိုးထူးခြားတဲ့ လက်ဆောင်ကို ရလိုက်တဲ့အတွက် အရမ်းကိုဂုဏ်ယူပြီး ပျော်ရွှင်နေပုံပါပဲ။ ဘာပဲပြောပြော V ကြောင့်တော့ အဲဒီချာတိတ်လေးဟာ မမေ့နိုင်စရာအမှတ်တရတွေ ပိုင်ဆိုင်သွားခဲ့ပြီလို့ ဆိုရမှာပါ။

ချာတိတ်လေးကို သူဆောင်းထားတဲ့ဦးထုပ်ချွတ်ပေးခဲ့တဲ့ V

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။