တက္ကသိုလ်ပွဲတော်မှာ iKON အဖွဲ့ ဖျော်ဖြေမှာကို ကျောင်းသားများ မလိုလား

Posted on - May 15 []

Gunner Ksr

စာရေးသူ

Myongji University ကကျောင်းသားတွေဟာ သူတို့ရဲတက္ကသိုလ်ပွဲတော်မှာ YG Entertainment လက်အောက်က အနုပညာရှင်တွေ လာရောက်ဖျော်ဖြေဖို့ မလိုလားကြပါဘူး။ '2019 Myongji University Festival' ကို လာရောက်ဖျော်ဖြေမယ့်စာရင်းကို ထုတ်ပြန်ခဲ့ရာမှာတော့ နာမည်ကျော် Kpop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ iKON အဖွဲ့လည်းပါဝင်ခဲ့ပါတယ်။ 2019 Myongji University Festival' မှာ iKON, Sunmi, Davich တို့က ပါဝင်ဖျော် ဖြေသွားမှာ ဖြစ်ပါတယ်။

အဲဒီအထဲမှာမှာ ကျောင်းသားတွေဟာ iKON လို နာမည်ကျော်အဖွဲ့ကို သူတို့တက္ကသိုလ်လာဖို့ ဘာကြောင့်မလိုလားရတာလဲလို့ ခင်ဗျားတို့ထင်ပါသလဲ။ YG Entertainment ဟာ လက်ရှိမှာ ပြစ်မှုတွေကြောင့် ရဲ တပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရလျက်ရှိပါတယ်။

ဒါကြောင့် iKON ကို ဖိတ်ကြားတာဟာ ပြစ်မှုကျူးလွန်းတဲ့စွပ်စွဲခံထားရတဲ့အေဂျင်စီကို သွယ်ဝိုက်သောနည်းလမ်းအားဖြင့် အားပေးရာကျတယ်လို့ ကျောင်းသားတွေက ဆိုခဲ့ကြပြီး iKON ကို ဖိတ်ကြားခဲ့တဲ့ ကျောင်းသားအစိုးရကိုလည်း ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

"သူတို့ဟာ Burning Sun အမှုမှာလည်း ပါဝင်ပတ်သက်နေတယ်။ Yang Hyun Suk ဟာလည်း အခွန်ရှောင်လွှဲမှုကြောင့် ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုကို ခံနေရတယ်။ ကျောင်းသားအစိုးရအနေနဲ့ ဘာစစ်ဆေးမှုမှမလုပ်ဘဲ စီစဉ်ခဲ့တာ သိသာလွန်းပါတယ်" လို့ ကျောင်းသားတွေက ဆိုခဲ့ကြတာပါ။

ဒီအတွက် စီစဉ်သူတွေဟာ သူတို့ရဲ့သတိထားမှုနည်းပါးခဲ့တဲ့အတွက် တောင်းပန်ပါကြောင်း၊ သူတို့အနေနဲ့ ပြစ်မှုတွေရင်ဆိုင်နေရတဲ့အေဂျင်စီကို အားပေးအားမြောက်ပြုလုပ်ခြင်းမဟုတ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါ တယ်။ အဲဒီလိုတောင်းပန်ခဲ့ပေမယ့် iKON အဖွဲ့ကို ဖိတ်ကြားထားတာကိုတော့ ဖိတ်သိမ်းမှာမဟုတ်ဘဲ iKON အဖွဲ့အနေနဲ့ အချိန်ဇယားအတိုင်း မေလ ၁၅ ရက်နေ့မှာ Myongji University မှာ လာရောက်ဖျော်ဖြေသွား မှာ ဖြစ်ပါတယ်။

Ref All Kpop

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။