ရာသီအကုန်မှာ အက်သလက်တီကိုကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေငြာသွားခဲ့တဲ့ ဂရစ်ဇ်မန်း

Posted on - May 15 []

Htoo Yan Ag

စာရေးသူ

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အန်တိုနီယို ဂရစ်ဇ်မန်းဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေငြာ သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ဂရစ်ဇ်မန်းဟာ လာမယ့် အပြောင်းအရွှေ့ကာလမှာ လာလီဂါပြိုင်ဘက် ဘာစီလိုနာအသင်းထံ ရောက်ရှိဖို့ သေချာသလောက် ဖြစ်သွားခဲ့ပါပြီ။

ပြီးခဲ့တဲ့နှစ် နွေရာသီအပြောင်းအရွှေ့ကာလကတည်းက ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိတဲ့ ဘာစီလိုနာအသင်းဟာ လာမယ့် ဇူလိုင်လထဲမှာတော့ အဆိုပါ ပြင်သစ်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၈သန်း ထိ သုံးစွဲပြီး ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေတာလည်း ဖြစ်ပါတယ်။ ဂရစ်ဇ်မန်းဟာ အသင်းရဲ့နည်းပြ ဆီမြွန်နီနဲ့ ဥက္ကဋ္ဌ မီဂွယ်အိန်ဂျယ် တို့နဲ့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် အပြီးမှာပဲ အဆိုပါ ကြေငြာချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် Twitter ပေါ်မှာ " ဂရစ်ဇ်မန်းဟာ လာမယ့်ရာသီမှာ အသင်းကရဲ့ အစီအစဉ်တွေမှာ ပါဝင်တော့မှာ မဟုတ်ပါဘူး။ " လို့ ရေးသားထားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဂရစ်ဇ်မန်းက " ဒီ၅နှစ်တာ ကာလဟာ တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပါပဲ။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ အက်သလက်တီကိုဆိုတာ ကျွန်တော့်နှလုံးသားထဲမှာ ထာဝရ ရှိနေမှာပါ။ " လို့ ပြောကြားသွားခဲ့ပါတယ်။

ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၇၀) အထိ တန်ကြေးပေါက်နေစဉ်ကတည်းက ဘာစီလိုနာအသင်းရဲ့ ချိတ်ဆက်ခြင်းကို ခံရပေမယ့်လည်း အက်သလက်တီကိုနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ဂရစ်ဇ်မန်းဟာ ပေါင် ၁၀၈ သန်းအထိ ကျဆင်းသွားခဲ့ရပြီး အဆိုပါ ငွေပမာဏဝန်းကျင်နဲ့ ဘာစီလိုနာအသင်းက ခေါ်ယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ လာမယ့် စနေနေ့မှာတော့ လီဗန်တေးအသင်းနဲ့ လာလီဂါပွဲစဉ် ဆင်နွှဲသွားရဦးမှာလည်း ဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းအတွက် ၁၉ဂိုးအထိ သွင်းယူပြီး ၁၁ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဂရစ်ဇ်မန်းကို ဘာစီလိုနာအသင်းရဲ့ ဂျာစီနဲ့ တွဲဖက်ပြီး အမှန်တကယ် မြင်တွေ့ခွင့် ရသွားတော့မှာလားဆိုတာလည်း ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။