ကတိအတိုင်း ဆိုးလ်ရှားပုံကို တက်တူးထိုးခဲ့တဲ့ မန်ယူပရိသတ်

Posted on - May 15 []

Gunner Ksr

စာရေးသူ

မန်ယူအသင်းရဲ့နော်ဝေလူမျိုးပရိသတ်တစ်ယောက်ဖြစ်တဲ့ Henrik Stensland သူပေးထားတဲ့ကတိအတိုင်း မန်ယူနည်းပြဆိုးလ်ရှားရဲ့မျက်နှာပုံကို သူ့ရဲ့ညာဘက်ပေါင်အထက်နားမှာ တက်တူးထိုးခဲ့ပါတယ်။ Henrik Stensland ဟာ အဲဒီပုံကို မေလ ၁၄ ရက်နေ့က Twitter မှ တင်ခဲ့တာဖြစ်ပြီး တစ်ခဏအတွင်းမှာပဲ မျှဝေမှုတွေ များပြားခဲ့ပါတယ်။ Henrik Stensland ဟာ မန်ယူအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ဒုတိယအကျော့မတိုင်ခင်မှာ တကယ်လို့ ပီအက်စ်ဂျီကို ကျော်ဖြတ်နိုင်ခဲ့ရင် ဆိုးလ်ရှားရဲ့ပုံကို တတ်တူးထိုးမယ်လို့ ကတိပေးထားခဲ့တာပါ။

မန်ယူဟာ ပီအက်စ်ဂျီကို အိမ်ကွင်းမှာ ၀-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ကျော်ဖြတ်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်မှတ်ခဲ့ရပေမယ့် ပီအက်စ်ဂျီအိမ်ကွင်းမှာ ရက်ဖို့ဒ်ရဲ့ နောက်ကျပင်နယ်တီသွင်းဂိုးနဲ့အတူ ၁-၃ ဂိုးနဲ့ အနိုင်ရကာ အံ့အားသင့် ဖွယ်အနေအထားနဲ့ ကျော်ဖြတ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် Henrik Stensland ဟာ သူ့ရဲ့ကတိအတိုင်း ဆိုးလ်ရှားရဲ့ပုံကို အရင်ထိုးပြီးသား ဘီးပေါ်မှာထပ်ကာ တတ်တူးထိုးခဲ့တာ ဖြစ်ပါတယ်။ Henrik Stensland က "အိုလီ(ဆိုးလ်ရှား)ကတော့ ဘီးပေါ်ရောက်သွားပါပြီ။

မန်ယူနဲ့ ပီအက်စ်ဂျီတို့ ဒုတိယအကျော့မတိုင်ခင်မှာ တကယ်လို့ မန်ယူအသင်းဟာ ကျော်ဖြတ်နိုင်ခဲ့ရင် ဆိုးလ်ရှားရဲ့မျက်နှာကိုဘီးအတွင်းမှာ တက်တူးထိုးမယ်လို့ ပြောခဲ့ပါတယ်။ ကောင်းပြီ။ ကျွန်တော်ဟာကိုယ့်ကတိကိုယ်တည်တဲ့ သူဖြစ်တယ်။

နောက်ဆုံးမှာတော့ တက်တူးသွားထိုးခဲ့ပြီ။ ဒီမှာသာ ကြည့်ပါတော့"ဆိုပြီး Twitter မှာ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အင်္ဂလန်ထိပ်တန်းမီဒီယာ Daily Mail ကတော့ "နောက်မှာ နောင်တ မရပါနဲ့"လို့ ခေါင်းစဉ်တပ်ကာ ဖော်ပြသွားခဲ့ပါတယ်။ ဆိုးလ်ရှားအနေနနဲ့ လာမယ့်ရာသီမှာအခြေအနေမကောင်းရင် ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။ မန်ယူဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၆ သာရရှိခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်သာ ကျေနပ်ခဲ့ရပါတယ်။

Ref Daily Mail

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။