'Love Yourself: Speak Yourself' World Tour ကနေ BTS ရှာဖွေနိုင်ခဲ့တဲ့ အမြတ်ငွေပမာဏ

Posted on - May 15 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် အမျိုးသား Idol အဖွဲ့ဖြစ်တဲ့ BTS ဟာ သူတို့တွေရဲ့ World Tour ဖြစ်တဲ့ 'Love Yourself: Speak Yourself' နဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စတင်ပြီး အခု ၂၀၁၉ နှစ်ဝက်ရောက်နေသည်အထိ အားလပ်ချိန်မရှိလောက်အောင် အလုပ်တွေရှုပ်နေတယ်ဆိုတာကို ARMY တွေအသိပါပဲ။ နိုင်ငံတကာပရိသတ်တွေနဲ့ တွေ့ဆုံဖို့အတွက် အမေရိက၊ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်း၊ အင်္ဂလန် အစရှိတဲ့နိုင်ငံတွေမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ World Tour Concert တွေဟာ အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

အောင်မြင်မှုတွေရရှိခဲ့တဲ့ Concert တွေမို့လို့ ရရှိခဲ့တဲ့ဝင်ငွေပမာဏတွေဟာလည်း အံ့မခန်းပါပဲ။ ထွက်ရှိထားတဲ့သတင်းတွေအရတော့ ထို World Tour ကို တက်ရောက်ကြတဲ့ ARMY တွေရဲ့ အရေအတွက်ဟာ ၁ ဘီလီယံကျော်ထိရှိပြီး ရရှိခဲ့တဲ့ အသားတင်အမြတ်ငွေကတော့ ဒေါ်လာ သန်း ၁၃၀ ကနေ ၁၃၅ သန်းအထိ ပျှမ်းမျှရှိတယ်လို့ သိရပါတယ်။

တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင် နဲ့ ထိုင်းတို့မှာ ပြုလုပ်ခဲ့တဲ့ Concert တွေကနေ ရရှိခဲ့တဲ့ အမြတ်ငွေ

မြောက်အမေရိကနိုင်ငံတွေမှာ ပြုလုပ်ခဲ့တဲ့ Concert တွေကနေလည်း ဒီလိုမျိုးဝင်ငွေတွေ ရရှိခဲ့ပါတယ်။

ဥရောပနိုင်ငံတွေမှာ ပြုလုပ်ခဲ့တဲ့ Concert တွေကနေ ရရှိခဲ့သည့် ၀င်ငွေ

BTS အဖွဲ့ဟာ လက်ရှိမှာတော့ အဆိုပါ World Tour အတွက်ပဲ အမေရိကမှာ ဆက်လက်ရှိနေကြတယ်လို့ သိရပါတယ်။ ဆက်လက်ပြီးလည်း အောင်မြင်တဲ့ Concert တွေများစွာကို ပြုလုပ်နိုင်ကြပါစေနော်။

Ref : KStarlive
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။