မိုက်ခရိုဖုန်းတွေ ပျက်နေပေမယ့်လည်း Professional ပီသစွာ ဖျော်ဖြေပြခဲ့တဲ့ iKON

Posted on - May 15 []

Mia Zin

စာရေးသူ

အနုပညာရှင်တွေအနေနဲ့ စတိတ်ပေါ်မှာ ဖျော်ဖြေတင်ဆက်တဲ့အခါမှာ အစမ်းလေ့ကျင့်မှုတွေနဲ့ ပြင်ဆင်ပြီးမှ ဖျော်ဖြေကြတယ်ဆိုပေမယ့်လည်း တကယ်တမ်း ပရိသတ်တွေနဲ့ တိုက်ရိုက်တွေ့ပြီး ဖျော်ဖြေရတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့လွဲချော်မှုလေးတွေဆိုတာကို တွေ့ကြုံရတတ်ပါတယ်။ အဲဒီလိုမျိုးလွဲချော်မှုလေးတွေကို တွေ့ကြုံလာတဲ့ အခါမှာ အဆင်ပြေဆုံးနည်းလမ်းနဲ့ ရုပ်ပျက်ခြင်းအလျဉ်းမရှိပဲ ဖျော်ဖြေနိုင်တယ်ဆိုရင်တော့ ထိုအနုပညာရှင်ဟာ တကယ်ကို professional ပီသစွာနဲ့ တင်ဆက်နိုင်သူပါပဲ။

ဒီလိုမျိုး Professional ပီသစွာနဲ့ ဖျော်ဖြေတင်ဆက်နိုင်တဲ့ ကိုရီးယားအနုပညာရှင်တွေထဲမှာ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Idol အဖွဲ့ဖြစ်တဲ့ iKON အဖွဲ့လည်း ပါဝင်ပါတယ်။ iKON ဟာ မနေ့က မနက်ပိုင်းတုန်းက Myongi University မှာ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေအားလုံး ဖျော်ဖြေကြတယ်ဆိုပေမယ့်လည်း မိုက်ခရိုဖုန်း တစ်လုံးတည်းကိုပဲ အဖွဲ့ဝင်တစ်ယောက်ဆီ အလှည့်ကျယူပြီး သီဆိုဖျော်ဖြေခဲ့ကြတာကို ပရိသတ်တွေက သတိထားမိခဲ့ကြပါတယ်။

“Dumb & Dumber” သီချင်းကို ဖျော်ဖြေနေတဲ့အချိန်အတွင်းမှာ သီချင်းအလယ်လောက်ရောက်တဲ့အခါမှာတော့ မိုက်ခရိုဖုန်းတစ်လုံးကလွဲပြီး ကျန်တဲ့မိုက်ခရိုဖုန်းတွေက အသံမထွက်တော့ပဲ ရပ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အဖွဲ့ဝင်တွေအနေနဲ့ နည်းနည်းတော့အခက်တွေ့သွားခဲ့ပြီး သီချင်းကိုခဏရပ်ခိုင်းလိုက်ပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေနဲ့အဆက်မပြတ်သွားရအောင် စတိတ်ပေါ်က မိုက်ခရိုဖုန်းချို့ယွင်းမှုကို ပရိသတ်တွေ သိအောင်ပြောပြခဲ့ပါတယ်။ အသံပိုင်းဆိုင်ရာထုတ်လုပ်ရေးဝန်ထမ်းနဲ့ အခြေအနေကို ညှိခဲ့ပေမယ့်လည်း မိုက်ခရိုဖုန်းချို့ယွင်းမှုက အဆင်မပြေခဲ့ပါဘူး။ အဲဒီလိုမျိုး ချို့ယွင်းမှုဖြစ်နေတဲ့အချိန်အတွင်းမှာ အဖွဲ့ဝင်တွေက စင်အောက်က ပရိသတ်တွေနဲ့ စနောက်စကားပြောပေးကာ ဓာတ်ပုံတွေအတူတူရိုက်ခဲ့ပြီး ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို မလျော့သွားအောင် ထိန်းထားနိုင်ခဲ့ပါတယ်။

အဆုံးသတ်မှာတော့ မိုက်ခရိုဖုန်းတစ်လုံးတည်းကသာ အသံထွက်နေခဲ့တာကြောင့် အဖွဲ့ဝင် ၇ ယောက်လုံးဟာ ထိုမိုက်ခရိုဖုန်းတစ်လုံးတည်းနဲ့ပဲ လှည့်ပတ်သီဆိုပြီး ဖျော်ဖြေခဲ့ကြပါတယ်။ အဲဒီလိုဖျော်ဖြေခဲ့တဲ့အချိန်အတွင်းမှာ သီချင်းက ခဏရပ်သွားသေးပေမယ့်လည်း ဒါကိုသိပ်မမှုပဲ အကောင်းဆုံးဖျော်ဖြေပြခဲ့ပါတယ်။

အသံထွက်တဲ့ နောက်ဆုံးသော မိုက်ခရိုဖုန်းပါ မရတော့တဲ့အခါမှာတော့ အဖွဲ့ဝင်တွအားလုံးဟာ စတိတ်ပေါ်ကနေ ဆင်းသွားကြသည်အထိတိုင်အောင် အပြုံးတစ်ချက်မှ မပျက်ခဲ့ကြပါဘူး။ တကယ့်ကို Professional ပီသကြတဲ့ Idol တွေပါပဲနော်။

မိုက်တစ်လုံးတည်းနဲ့ ဖျော်ဖြေပြသွားတဲ့ iKON

ပရိသတ်တွေကတတော့ စက်ပိုင်းဆိုင်ချို့ယွင်းမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ပွဲစီစဉ်သူတွေကို စိတ်ဆိုးဒေါသထွက်ခဲ့ပေမယ့်လည်း Professional ပီသစွာနဲ့ ဖြေရှင်းပြီးဖျော်ဖြေခဲ့တဲ့ iKON ကိုတော့ ချီးကျူးစကားတွေ ပြောထားကြပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။