ဟာရဲရားနေရာအစားထိုးဖို့ ယူနိုက်တက်တို့ ခေါ်ယူသင့်တဲ့ ကမ္ဘာ့အဆင့် ထိပ်တန်းကွင်းလယ်လူ(၅)ဦး

Posted on - May 15 []

Htoo Yan Ag

စာရေးသူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာတော့ တကယ့်ကို အလုပ်များပါပြီ။ ဒီရာသီမှာ ဖလားလက်မဲ့ ဖြစ်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်ပါ ဆုံးရှုံးခဲ့ရကာ ကျရှုံးတဲ့ ရာသီတစ်ခု ဖြစ်ခဲ့တာကြောင့် လက်ရှိ ရှိရင်းစွဲ တစ်သင်းလုံးကို မြေလှန်ပြောင်းလဲ ပစ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၁၄ပွဲမှာ ၂ပွဲသာ နိုင်တဲ့အထိ အခြေအနေဆိုးရွားခဲ့တဲ့ အပေါ် နည်းပြဆိုးလ်ရှားဟာ အသင်းကို အကြီးစား ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ရှိနေပြီး အထူးသဖြင့် ဟာရဲရားထွက်ခွာတော့မယ့် ကွင်းလယ်တစ်နေရာအတွက် ပေါ့ဘာနဲ့အတူ တွဲဖက် ကစားနိုင်မယ့် ကမ္ဘာ့အဆင့် ထိပ်တန်းကွင်းလယ်လူတစ်ဦးကို မဖြစ်မနေ လိုအပ်နေတာဖြစ်ပါတယ်။ ယူနိုက်တက်တို့ ခေါ်ယူသင့်တဲ့ ကမ္ဘာ့အဆင့် ထိပ်တန်းကွင်းလယ်လူ(၅)ဦးကတော့...

၁. သီယာဂို အယ်လ်ကန်တာရာ (ဘိုင်ယန်မြူးနစ်)

အယ်လ်ကန်တာရာဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့စဉ်က ယူနိုက်တက်နည်းပြ မိုယက်စ်ဟာ ပရီးမီးယားလိဂ်မှာ ကစားဖို့ လူကောင်သေးလွန်းတယ်ဆိုပြီး ငြင်းပယ်ခံလိုက်ရသူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းမှာ ကမ္ဘာ့အဆင့် ထိပ်တန်း ခြေစွမ်းတွေကို ပြသထားနိုင်တဲ့ အဆိုပါ စပိန်ကွင်းလယ်လူဟာ ယူနိုက်တက် ကွင်းလယ်တစ်နေရာမှာ ပေါ့ဘာနဲ့အတူ တွဲဖက်ကစားဖို့ အလိုက်ဖက်ဆုံး ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

၂. ဗာရက်တီ ( PSG )

ယူနိုက်တက်တို့စောင့်ကြည့်နေတဲ့ ကွင်းလယ်ကစားသမားတွေထဲမှာ ဗာရက်တီလည်း အပါအဝင်ပါပဲ။ Holding midfielder နေရာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အတွေ့အကြုံရှိလှတဲ့ အဆိုပါ အီတလီကွင်းလယ်လူဟာ ဟာရဲရားရဲ့ PSG ထံ ပြောင်းရွှေမှုမှာ အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်လည်ခေါ်ယူသင့်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

၃. ဒယ်လီအလီ ( စပါး )

ကမ္ဘာ့အဆင့် ကွင်းလယ်လူတွေထဲမှာ အင်္ဂလန်သားဆိုလို့ ဒယ်လီအလီကိုပဲ အရင်ဆုံး ပြေးမြင်ကြမှာ ဖြစ်ပါတယ်။ ကစားကွက် ဖန်တီးနိုင်ရုံသာမက သွင်းဂိုးတွေကိုပါ မျှော်လင့်လို့ရတဲ့အတွက် အလီဟာ ယူနိုက်တက်ကွင်းလယ်အတွက် အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ပေါ့ဘာထက်စာရင် pressing ပိုင်းနဲ့ power play တဲ့အပိုင်းမှာ ပိုအားသာတဲ့အတွက် နည်းပြဆိုးလ်ရှားအနေနဲ့ နည်းဗျူဟာပိုင်း ပိုမို အပြောင်းအလဲ ပြုလုပ်လို့ ရမှာလည်း ဖြစ်ပါတယ်။

၎. ဆာအူလ် ( အက်သလက်တီကိုမက်ဒရစ် )

စပိန်အသင်းရဲ့ ကွင်းလယ်တစ်နေရာမှာ ပုံမှန်ပွဲထွက်ခွင့်ရလာတဲ့ အက်သလက်တီကို ကွင်းလယ်လူ ဆာအူလ်ဟာ ယူနိုက်တက်နဲ့ သင့်လျော်တဲ့ ကစားသမား တစ်ဦးပါ။ နည်းစနစ်ပိုင်း အရည်အသွေးမြင့်မားတဲ့ ဆာအူလ်ဟာ ဟာရဲရား ထွက်ခွာသွားလို့ လစ်လပ်နေတဲ့ နေရာအတွက် အစားဝင်ရောက်ဖို့ အရည်အသွေးပြည့်မီပြီး ပေါ့ဘာအပေါ် သက်ရောက်နေတဲ့ ဖိအားတွေကို အတန်ငယ် လျော့ချပေးနိုင်မယ့်သူလည်း ဖြစ်ပါတယ်။

၅. ကိုကီ ( အက်သလက်တီကိုမက်ဒရစ် )

နောက်ထပ် အက်သလက်တီကို ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ကိုကီဟာလည်း ယူနိုက်တက်တို့ စောင့်ကြည့်သွားရမယ့် ကစားသမားတစ်ဦးပါ။ မီဒီယာတွေရဲ့ အာရုံစိုက်မှုနဲ့ ချီးကျူးမှုကို ရရှိလေ့မရှိတဲ့ ကိုကီဟာ ယူနိုက်တက်မှာ ကွင်းလယ်မှာ အကောင်းဆုံး နေရာယူပြီး အသင်းမှာ ပျောက်ဆုံးနေတဲ့ သူရဲနီစိတ်ဓါတ်ကို ပြန်လည် ရိုက်သွင်းပေးမယ့် ကစားသမားတစ်ဦးလို့ သတ်မှတ်ရမှာပါ။ ဘာစီလိုနာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူတွေနဲ့ အပြန်အလှန် ပညာပြိုင်ကစားနိုင်တဲ့ ကိုကီကို ယူနိုက်တက်ပရိသတ်တွေကတော့ ဒုတိယပေါလ်စခိုးလ်လို့တောင် နာမည်ပေးထားကြပါတယ်။

REF : sportskeeda
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။