ဂျိမ်းရိုဒရီဂွတ်ဇ်ရဲ့ Post အောက်မှာ Comment ၀င်ပေးခဲ့တဲ့ ပီအက်စ်ဂျီ Offical Page

Posted on - May 15 []

Gunner Ksr

စာရေးသူ

င်္ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လူမှုကွန်ရက်မှာ ပီအက်စ်ဂျီအသင်းရဲ့လုပ်ရပ်တစ်ခုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရပြီး ဂျိမ်းရိုဒရီဂွတ်ဇ်အနေနဲ့ ပီအက်စ်ဂျီအသင်းကိုပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေဟာလည်း ပိုမိုခိုင်မာ လာခဲ့ပါပြီဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲကွင်းလယ်လူဂျိမ်းရိုဒရီဂွတ်ဇ်ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားလျက်ရှိနေတဲ့အသင်းပါ။

အခုအခါမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ Offical Page အ နေနဲ့ ဂျိမ်းရိုဒီရီဂွတ်ဇ်ရဲ့ Facebook မှာ Comment သွားပေးခဲ့တဲ့လုပ်ရပ်ကြောင့် ပရိသတ်အကြားပွဲဆူစေခဲ့ပြီး ဂျိမ်းရိုဒရီဂွတ်ဇ်အနေနဲ့ ပီအက်စ်ဂျီကို အမှန်တကယ်ပြောင်းရွှေ့တော့မှာလားလို့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

အခုအခါမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ Offical Page အ နေနဲ့ ဂျိမ်းရိုဒီရီဂွတ်ဇ်ရဲ့ Facebook မှာ Comment သွားပေးခဲ့တဲ့လုပ်ရပ်ကြောင့် ပရိသတ်အကြားပွဲဆူစေခဲ့ပြီး ဂျိမ်းရိုဒရီဂွတ်ဇ်အနေနဲ့ ပီအက်စ်ဂျီကို အမှန်တကယ်ပြောင်းရွှေ့တော့မှာလားလို့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

မကြာခင်မှာပဲ ပရိသတ်တွေက ချက်ချင်းသတိထားမိသွားခဲ့ကြပြီး ဂျိမ်းရိုဒရီဂွတ်ဇ်ကို အမှန်တကယ်ပဲ ခေါ်တော့မှာလားလို့ ပီအက်စ်ဂျီ Offical Page ရဲ့ Comment အောက်မှာ ၀င်ရောက်ရေးသားခဲ့ကြပါတယ်။ ဂျိမ်းရိုဒရီ ဂွတ်ဇ်ဟာ ရီးရဲကနေ ဘိုင်ယန်ကို ၂ ရာသီအငှားနဲ့ ပြောင်းရွှေ့ရောက်ရှိလာသူ ဖြစ်ပါတယ်။

ဂျိမ်းရိုဒရီဂွတ်ဇ်ဟာ ဇီဒန်းနဲ့ အဆင်မပြေဖြစ်ကာ ရီးရဲကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး ရီးရဲကနေ ဇီဒန်းထွက်ခွာသွားချိန်မှာ အသင်းကိုပြန်ုဖို့စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲနည်းပြအဖြစ် ဇီဒန်းပြန်လည်ရောက်ရှိလာတဲ့အ တွက် ဂျိမ်းရိုဒရီဂွတ်ဇ်ရဲ့ ရီးရဲသို့ပြန်ရေးဟာေ၀၀ါးသွားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဂျိမ်းရိုဒရီဂွတ်ဇ်ကို ခေါ်ယူပြီး နေမာကို ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။

Ref Daily Mail

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။