၂၁ ရာစုအတွင်း အဆိုးရွားဆုံးရာသီမဖြစ်ဖို့ နောက်ဆုံးပွဲမှာ ရီးရဲဘယ်နှစ်ဂိုးသွင်းရမလဲ

Posted on - May 15 []

Gunner Ksr

စာရေးသူ

လက်ရှိရာသီကတော့ ရီးရဲအသင်းအတွက် အလွန်စိတ်ပျက်စရာကောင်းတဲ့ရာသီတစ်ခုပါပဲ။ ချန်ပီယံလိဂ်ဖလားကို သမိုင်းဝင် ၃ နှစ်ဆက် ရယူပြီးနောက်မှာ လက်ရှိရာသီမှာတော့ ရီးရဲအသင်းက အဆိုးရွားဆုံးအခြေအနေ ကို ရောက်ရှိသွားခဲ့ရပါတယ်။ ဇီဒန်း၊ စီရော်နယ်ဒိုတို့ ထွက်ခွာသွားခဲ့ခြင်းနဲ့အတူ ရီးရဲဟာ ရလဒ်ဆိုးတွေကို ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ရီးရဲအနေနဲ့ ဒီရာသီအစမှာ လိုပီတီဂူကို ခန့်အပ်ခဲ့ပေမယ့် ရာသီဝက်အကြာမှာပဲ ပြန်လည်ထုတ်ပယ်ခဲ့ပါတယ်။

လိုပီတီဂူထွက်ခွာအပြီး ဆိုလာရီကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဆိုလာရီအနေနဲ့ အစပိုင်းမှာ ရီးရဲကို ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ရလဒ်တွေဆိုးရွားလာမှုကြောင့် ထုတ်ပယ်ခံခဲ့ရပြီး သူ့ရဲ့နေရာမှာတော့ ဇီဒန်းကို ပြန်လည်ခန့်အပ်ခဲ့ပါတယ်။

ရီးရဲဟာ ဒီရာသီ လာလီဂါတစ်ပွဲပဲကစားရဖို့ ကျန်ရှိနေတဲ့အချိန်မှာ သွင်းဂိုး ၆၃ ဂိုးသာသွင်းယူထားနိုင်ပါသေးတယ်။ ဒါေုကြာင့် ရီးရဲအသင်းဟာ ၂၁ ရာစုနှစ်အတွင်း အဆိုးရွားဆုံးရာသီဖြစ်လာဖို့ရှိနေပါတယ်။ ရီးရဲဟာ ၂၀၀၆-၀၇ ရာသီက ၆၆ ဂိုးသာရရှိခဲ့ပြီး အဲဒီရာသီဟာ ၂၁ ရာစုနှစ်အတွင်း အဆိုးရွားဆုံး ရာသီဖြစ်ခဲ့တယ်။

ဒါကြောင့် ဒီနှစ်မှာ ရီးရဲအသင်းအနေနဲ့ ၂၁ ရာစုနှစ်အတွင်း အဆိုးရွားဆုံးရာသီအဖြစ်ကနေ ရှောင်လွှဲနိုင်ဖို့အတွက် (၄) ဂိုးသွင်းယူဖို့လိုအပ်နေပါတယ်။ ဒါ့အပြင် ရီးရဲရဲ့ ဒီရာသီစွမ်းဆောင်ရည်ဟာ မနှစ်ကနဲ့ယှဉ်ရင် အတော်လေးနည်းပါးနေပြီး ဂိုး ၄၀ လောက် လျော့နည်းနေတာ တွေ့ရပါတယ်။

Ref Be Soccer

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။