ရင်ဖိုလှိုက်မောဖွယ်ရာ အချစ်ဇာတ်ဝင်ခန်းတွေကို တစ်ဝကြီးကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားများ

Posted on - May 15 []

Douglas Thura

စာရေးသူ

Family Movie Time ဆိုပြီး မိသားစုလိုက် ပျော်ပျော်ရွှင်ရွှင် ရုပ်ရှင်ကြည့်ကြတာကောင်းပေမဲ့လည်း တစ်ခါတစ်လေမှာ မိသားစု/မိဘတွေနဲ့ အတူမကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးတွေလည်း ဒုနဲ့ ဒေး ရှိပါတယ်။ တစ်ချို့ ဇာတ်ကားတွေမှာ အသက်အရွယ်ပိုင်းခြားပြီး ကြည့်သင့်၊ မကြည့်သင့် သတိပေးထားတာမျိုးရှိပေမဲ့လည်း သတိပေးချက်တွေမပါတဲ့ တစ်ချို့ ဇာတ်ကားတွေရဲ့ှဇာတ်ဝင်ခန်းတွေကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားရတာတွေလည်း ရှိပါတယ်။ အဆိုပါအချစ်၊ဒရာမာ ဇာတ်ကားတွေထဲကမှ ရင်ဖိုလှိုက်မောဖွယ်ရာ အချစ်ဇာတ်ဝင်ခန်းတွေကို တစ်ဝကြီးကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားတွေတစ်ချို့ ကို ဖော်ပြပေးလိုက်ပါတယ်။

Chloe

ဝါရင့် မင်းသား၊ မင်းသမီးကြီးတွေပါတဲ့ Chloe ဇာတ်ကားဟာ မိန်းမတစ်ယောက်ရဲ့  လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်ဖောက်ပြန်တဲ့ ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ရင်ဖိုဖွယ်ရာအချစ်ဇာတ်ဝင်ခန်းတွေ လှိုင်လှိုင်ပါဝင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Brokeback Mountain

မင်းသားကြီး Jake Gyllenhaal နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားချော Heath Ledger တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Brokeback Mountain ဇာတ်ကားဟာ Cowboy (၂) ယောက်ချစ်ကြိုက်ကြတဲ့ Gay-themed Movie ဖြစ်တဲ့အတွက် ယောက်ျားနှစ်ယောက်ကြားက အချစ်ဇာတ်ဝင်ခန်းတွေကိုပါ မြင်တွေ့ ရမှာပါ။

Magic Mike

မင်းသားကြီး Channing Tatum ပါဝင်သရုပ်ဆောင်ထားတဲ့ Magic Mike ဇာတ်ကားကတော့ ယောက်ျားလေးအဖော်အချွတ်အကသမားတွေရဲ့ အကြောင်းကို ရိုက်ပြထားတဲ့အတွက် ခပ်ကြမ်းကြမ်းဇာတ်ဝင်ခန်းတွေတစ်ချို့ တော့ ပါဝင်ပါလိမ့်မယ်။

Black Swan

မင်းသမီးချော Natalie Portman အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Black Swan ဇာတ်ကားဟာ ဘဲလေးအကမယ်တွေရဲ့ ပြိုင်ဆိုင်မှုကို ရိုက်ထားတာဆိုပေမဲ့ လိင်တူ/ကွဲ ချစ်ကြိုက်ခန်းတွေပါတာကြောင့် လူငယ်တွေအနေနဲ့ တော့ သတိထားကြည့်ဖို့ လိုပါလိမ့်မယ်။

Love and Other Drugs

မင်းသားကြီး Jake Gyllenhaal နဲ့ မင်းသမီးချော Anne Hathaway တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Love And Other Drugs ဇာတ်ကားဟာ Comedy/Sex အမျိုးအစားဖြစ်ပြီး ဇာတ်ကားထဲမှာ ချစ်တင်နှောခန်းတွေ များစွာပါဝင်နေတာကြောင့် ကြည့်ရှုသူတိုင်းကို ရင်တဖိုဖိုဖြစ်စေမှာပါ။

Fifty Shades Of Grey

ထုတ်ဝေဖို့ အကြိမ်ကြိမ်တားမြစ်ခံထားရတဲ့ ကမ္ဘာကျော်အချစ်စာအုပ်ကို အသက်သွင်းရိုက်ကူးထားတဲ့ နာမည်ကျော် Fifty Shades Of Grey ရုပ်ရှင်ဟာ ခပ်ကြမ်းကြမ်း ချစ်တင်းနှောခန်းတွေ လှိုင်လှိုင်ပါတာမို့  ရုံတင်ပြသတဲ့အခါမှာလည်း ဝေဖန်ရေးသမားတွေရဲ့ ရှုံ့ ချခြင်းကို တော်တော်ခံခဲ့ရပါသေးတယ်။ ဒါပေမဲ့လည်း ဆယ်ကျော်သက်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ခံခဲ့ရတဲ့အတွက် တော်တော်လေး နာမည်ကြီးကျော်ကြားခဲ့ပါတယ်။ ဒီလိုဇာတ်ကားမျိုးကိုတော့ အသက်မပြည့်သေးတဲ့လူငယ်တွေအနေနဲ့ မကြည့ှ်တာ အကောင်းဆုံးဖြစ်မှာပါ။

Ref : Channel24
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။