ရူးခါနေအောင်မိုက်တဲ့ မဂ္ဂဇင်းကာဗာထက်က စံရတီမိုးမြင့်ရဲ့ပုံရိပ်တွေ

Posted on - May 15 []

Myint Myat

စာရေးသူ

စွဲမက်ဖွယ်ကောင်းတဲ့ မိန်းမပျိုတစ်ယောက်ရဲ့အလှတရားတွေ ပြီးပြည့်စုံနေတဲ့ မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ တစ်နေ့တစ်ခြား ပိုပိုပြီး ဝလှလာတာကြောင့် ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာလည်း စံရတီမိုးမြင့်က Posh မဂ္ဂဇင်းကာဗာထက်က သူမရဲ့အမိုက်စား ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ တစ်စိမ့်စိမ့်ကြည့်လေ ညှို့အားပြင်းလေဖြစ်တဲ့ စံရတီမိုးမြင့်ကတော့ တကယ့်ကို ပြီးပြည့်စုံလွန်းသူလေးပါပဲနော်။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင်ကို လှရက်လွန်းတဲ့ စံရတီမိုးမြင့်ရဲ့အလှပုံရိပ်တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

စံရတီမိုးမြင့်ကတော့ "Posh Magazine 🦋" ဆိုပြီး Posh မဂ္ဂဇင်းထက်က ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

ကျန်းမာရေးနဲ့ အလှအပအတွက် Gym ကစားလေ့ရှိတဲ့ စံရတီမိုးမြင့်ကတော့ မိန်းကလေးတိုင်း အားကျရတဲ့ အဆီပိုမရှိ ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

မင်းသမီး​ချော​လေး စံရတီမိုးမြင့်​က​တော့ လတ်​တ​လောမှာ အနုပညာလှုပ်​ရှားမှု​တွေ ဆက်​တိုက်​ပြုလုပ်​ဖြစ်​​နေတာပါ။ ပရိသတ်​​တွေစိတ်​ဝင်​စား​နေကြတဲ့ စံရတီမိုးမြင့်​ရဲ့ အချစ်​​ရေးက​တော့ ငြိမ်​သက်​​နေပြီး၊ အိမ်​​ထောင်​ဖက်​ကိုလည်း ​သေချာစဉ်းစား​ရွေးခြယ်​သွားမယ်​လို့ သိရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း Posh မဂ္ဂဇင်း ကာဗာထက်က လှရက်​လွန်းတဲ့ နတ်​မိမယ်​​လေး စံရတီမိုးမြင့်​ကိုချစ်​ရင်​ သူမရဲ့ပုံ​လေး​တွေကို ​ဝေမျှသွားကြပါဦး​နော်​။

Myint Myat
Source:San Yati Moe Myint's Fscebook
Photo; Jason Ya

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။