ညှို့မျက်ဝန်းလေးတွေကတဆင့် စကားလေးတွေပြောလိုက်တဲ့ မေမြင့်မိုရ်

Posted on - May 15 []

Rowena

စာရေးသူ

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိခဲ့ပြီးနောက် အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးးတွေကိုပါ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ သူမပါဝင်ရိုက်ကူးထားတဲ့ "မိုးပန်းပွင့်ရဲ့ သင်္ကေတ" ရုပ်ရှင်ဇာတ်ကားကြီးကလဲ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိခဲ့ပါသေးတယ်။ အခုလက်ရှိမှာလဲ မေမြင့်မိုရ်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေအပြင် ပရဟိတလုပ်ငန်းတွေကိုပါ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတဲ့ မေမြင့်မိုရ်က ကြော်ငြာဓာတ်ပုံတွေကိုလဲ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခောက်မှာတော့ မိုမိုလေးပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ အလှဓာတ်ပုံတွေကို မျှဝေပေးလိုက်ပါတယ်နော်။

မေမြင့်မိုရ်က မကြာခင်မှာလဲ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးမယ့် "ဇာတ်လိုက်" ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ကောင်းမြတ်စံ၊ လင်းအောင်ခေတ်၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်တို့နဲ့အတူတူ ပါဝင် သရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

မေမြင့်မိုရ်ကတော့ တစ်နေ့တစ်ခြား ပိုလို့တောင် လှလာတာကို သတိထားမိပါတယ်။

မေမြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို သူမရဲ့ ညှို့မျက်ဝန်းလေးတွေနဲ့ ဖမ်းစားထားတာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်လဲ မေမြင့်မိုရ်ရဲ့ ပုံရိပ်တွေကို ကြည့်ပြီး သဘောကျနှစ်ခြိုက်ကြမယ်လို့ ထင်ပါတယ်။။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: May Myint Mo's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။