အပြာဇာတ်ကားသရုပ်ဆောင်တွေနဲ့ ညားခဲ့ကြတဲ့ နာမည်ကြီးဆယ်လီဘရစ်တီတွေ

Posted on - May 15 []

Douglas Thura

စာရေးသူ

Hollywood မင်းသား၊မင်းသမီးတွေမှာပဲ အမာခံပရိသတ်ရှိကြတာမဟုတ်ပါဘူး၊ အနောက်တိုင်းက အပြာဇာတ်ကားသရုပ်ဆောင်တွေမှာလည်း အမာခံပရိသတ်တွေရှိကြပါတယ်။ အပြာရုပ်ရှင်သရုပ်ဆောင်တွေဟာ ၀ါသနာပါလွန်းလို့ ညစ်ညမ်းဇာတ်ကားတွေရိုက်ကူးကြတာမဟုတ်ပဲ စားဝတ်နေရေးအတွက် အလုပ်တစ်ခုအနေနဲ့ သတ်မှတ်ပြီး ရိုက်ကူးကြတာဖြစ်ပါတယ်။ သူတို့ ကို ချစ်ကြိုက်အားပေးကြတဲ့သူတွေထဲမှာ ပရိသတ်တွေတင်မကပဲ နာမည်ကြီးဆယ်လီဘရစ်တီတစ်ချို့ ပါ ပါဝင်နေတာကို တွေ့ ရပါတယ်။ အပြာဇာတ်ကားသရုပ်ဆောင်တွေနဲ့ ညားခဲ့ကြတဲ့ နာမည်ကြီးဆယ်လီဘရစ်တီတွေကို ဖော်ပြပေးလိုက်ပါတယ်။

အဆိုတော် Dave Navarro ဟာ Jenna Jameson, Brittney Skye, Amie Nicole ... စတဲ့ နာမည်ကြီး ညစ်ညမ်းဇာတ်ကားမင်းသမီးတွေများစွာနဲ့ တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။

အဆိုတော် Kid Rock ဟာ နာမည်ကြီးညစ်ညမ်းမင်းသမီးတွေဖြစ်တဲ့ Briana Banks, Jesse Jane နဲ့ Amy Brooke တို့ အပါအ၀င် တစ်ခြား Porn Star တော်တော်များများနဲ့ တွဲခဲ့တာဖြစ်ပါတယ်။

အဆိုတော် Marilyn Manson ဟာ 2009 ခုနှစ်က ညစ်ညမ်းဇာတ်ကားမင်းသမီး Stoya နဲ့ တွဲခဲ့ပါတယ်။

နာမည်ကြီး ဂေါက်သီးချန်ပီယံတစ်ယောက်ဖြစ်တဲ့ Tiger Woods ဟာ ဇနီးဟောင်း Elin Nordegren နဲ့ မကွာရှင်းစဉ်တည်းက ညစ်ညမ်းဇာတ်ကားမင်းသမီး Devon James နဲ့ ဖောက်ပြန်ခဲ့တာဖြစ်ပါတယ်။

မင်းသားကြီး Charlie Sheen ကလည်း Bree Olsen, Ginger Lynn, Teri Starr, Chloe Jones, Heather Hunter, Domonique Simone ... စတဲ့ နာမည်ကြီး ညစ်ညမ်းဇာတ်ကားမင်းသမီးတွေများစွာနဲ့ တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။

TV Star ဖြစ်တဲ့ Jesse James ဟာ ညစ်ညမ်းဇာတ်ကားမင်းသမီး Janine Lindemulder နဲ့ 2002 ခုနှစ်က လက်ထပ်ခဲ့ပြီး 2004 ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ပါတယ်။

အဆိုတော် Evan Seinfeld ဟာ ညစ်ညမ်းဇာတ်ကားမင်းသမီး Tera Patrick နဲ့ 2004 ခုနှစ်မှာ လက်ထပ်ခဲ့ပြီး 2009 ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့တာဖြစ်ပါတယ်။

Ref : rebelcircus
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။