ပရိသတ်တွေ ထင်ထားတာထက် ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ "ဧည့်သည်" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယို

Posted on - May 15 []

Rowena

စာရေးသူ

ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကို ဖူးစာဆုံစေခဲ့တဲ့အပြင် Beauty Blogger မလေး နေခြည်ဦးပါ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ "ဧည့်သည်" ရုပ်ရှင်ဇာတ်ကားကြီးကတော့ လတ်တလော ပရိသတ်တွေစိတ်ဝင်စားမှု အများဆုံး ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ အပေါက်ဆုံး ဖြစ်လာမယ့် "ဧည့်သည်" ရုပ်ရှင်ဇာတ်ကားကြီးက ပိုစတာဓာတ်ပုံတွေ ထွက်ရှိစဉ်ကတည်းက ဘယ်လို ပုံစံမျိုးဖြစ်မလဲ ဆိုတာကို စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ "ဧည့်သည်" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယိုကတော့ ထွက်ရှိလို့ လာပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ရွှေထူး၊ ရွှေမှုံရတီနဲ့ နေခြည်ဦးတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဖြစ်တဲ့ "ဧည့်သည်" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယိုကို မျှဝေပေးလိုက်ပါတယ်နော်။

"ဧည့်သည်" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယို

"ဧည့်သည်" ရုပ်ရှင်ဇာတ်ကားကြီးးကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ ရွှေထူး၊ ရွှေမှုံရတီနဲ့ နေခြည်ဦးတို့က အဓိကသရုပ်ဆောင်ပြီး ဖြိုးငွေစိုးက ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

"ဧည့်သည်" ရုပ်ရှင်ဇာတ်ကားကြီးက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ဒရမ်မာဆန်ဆန် ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး တကယ့်အချစ်ဇာတ်လမ်းကောင်းကို ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားပါပဲ။ ဒါ့အပြင် ရွှေနှစ်ရွှေနဲ့ နေခြည်ဦးတို့ကလည်း အပီအပြင်သရုပ်ဆောင်ထားတာမို့ စိတ်ဝင်စားစရာပါပဲနော်။ "ဧည့်သည်" ရုပ်ရှင်ဇာတ်ကားကြီးကို မေလ(၃၀) ရက်နေ့မှာ စတင်ရုံတင်ပြသမှာမို့ ဆက်ဆက်သွားကြည့်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီး

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။