အဖေဖြစ်သူ မင်းမော်ကွန်းကို မိန်းမဘဝပြောင်းပေးပြီး နာမည်အသစ်ပေးလိုက်တဲ့ မောင်မင်းမြတ်

Posted on - May 15 []

Rowena

စာရေးသူ

ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချော မင်းမော်ကွန်းက ရာစုနှစ်များစွာ အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားသူပါ။ သူ့ရဲ့ သရုပ်ဆောင်ကောင်းမှုနဲ့ ကျရာဇာတ်ရုပ်ကို စိတ်ဝင်တစား အာရုံစိုက် လုပ်ကိုင်တတ်တာကြောင့် အကယ်ဒမီဆုတွေလဲ ထိုက်ထိုက်တန်တန် ရရှိထားသူပါ။ မင်းမော်ကွန်းက လက်ရှိမှာလဲ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး သီချင်းတွေကိုလဲ တစ်ပုဒ်ပြီးတစ်ပုဒ် ပြန်လည်သီဆိုနေပြီပဲ ဖြစ်ပါတယ်။

မင်းမော်ကွန်းက သူ့ရဲ့ သား၊ သမီးတွေနဲ့ သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီးနေထိုင်နေလေ့ရှိပြီး အထူးသဖြင့် သူ့ရဲ့သားအကြီးဆုံး မောင်မင်းမြတ်နဲ့က ပိုပြီးတော့တောင် ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

မင်းမော်ကွန်းနဲ့ ရင်းရင်းနှီးနှီးနေလေ့ရှိတဲ့ သားမောင်မင်းမြတ်က အဖေဖြစ်သူရဲ့ပုံကို ပေါက်ကရတွေလျှောက်လုပ်ပြီး စနောက်လေ့ရှိသူတစ်ဦး ဖြစ်ပါတယ်။ မင်းမော်ကွန်းကလဲ သားဖြစ်သူကို စိတ်မဆိုးပဲ ပြန်လည်စနောက်ကာ ချစ်စရာကောင်းတဲ့ သားအဖဆက်ဆံရေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလဲ မောင်မင်းမြတ်က မင်းမော်ကွန်းကို မိန်းကလေးပုံစံ ပြင်ပြီး "မြင့်မော်ကွန်း" ဆိုပြီး နာမည်သစ်ပေးထားတဲ့ ပုံကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

သားအဖတွေဆိုပေမယ့် တစ်ယောက်ကိုတစ်ယောက် ညီအစ်ကို သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီးနေကြတာ ချစ်စရာကြီးနော်။ မင်းမော်ကွန်းလဲအခုလို ချစ်ရတဲ့မိသားစုနဲ့ သေတပန်သက်တဆုံး ပျော်ပျော်ရွှင်ရွှင်နေနိုင်သွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Thomas Diaz

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။