ကမ္ဘာကျော်ရုပ်ရှင်ကားတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာ အကြောင်းအရာများ

Posted on - May 15 []

Douglas Thura

စာရေးသူ

နိုင်ငံတကာက ရုပ်ရှင်ဇာတ်ကားကောင်းတွေတော်တော်များများဟာ ရုပ်ရှင်ချစ်ပရိသတ်တွေကို ဘ၀အမောတွေပြေပျောက်စေရုံသာမက လက်ရှိဘ၀နဲ့ လုံးဝမတူညီတဲ့ စိတ်ကူးယဉ်ကမ္ဘာသစ်တစ်ခုဆီကိုလည်း ဆွဲခေါ်သွားနိုင်စွမ်းရှိကြပါတယ်။ အထူးသဖြင့် နာမည်ကျော် Hollywood ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေ ပီပြင်လွန်းတဲ့အခါ ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ရုပ်ရှင်ကားတစ်ကားကြည့်နေသလို မခံစားရတော့ပဲ တစ်ကယ့်အဖြစ်အပျက်တစ်ခုကို မျက်ဝါးထင်ထင် ကြည့်နေရသလိုတောင် ခံစားရစေတာအမှန်ပါ။ ထုတ်လုပ်သူတွေအနေနဲ့ လည်း ဇာတ်ကားတစ်ကားဆိုတာထက် လက်တွေ့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတစ်ခုအဖြစ် အပီပြင်ဆုံးအသက်သွင်းဖန်တီးနိုင်ဖို့ သရုပ်ဆောင်တွေရဲ့ Acting ပိုင်းမှာတင်မကပဲ ဇာတ်ညွှန်းနဲ့ လိုက်ဖက်မဲ့ အ၀တ်အစားအပြင်အဆင်၊ မိတ်ကပ်ဖန်တီးမှုတွေ၊ နည်းပညာပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်တွေကိုလည်း အကောင်းမွန်ဆုံးဖြစ်အောင် ပံ့ပိုးနိုင်စွမ်းရှိရပါသေးတယ်။ မိုမိုလေးပရိသတ်ကြီးအတွက် အခုဖော်ပြပေးမှာကတော့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် ပုံပေါ်လာစေဖို့ နောက်ကွယ်က ပံ့ပိုးထားတဲ့ အံ့အားသင့်စရာ အကြောင်းအရာတွေပဲဖြစ်ပါတယ်။

The Dark Knight

မင်းသားချော Heath Ledger ဟာ The Dark Knight ရုပ်ရှင်ထဲက Joker ဇာတ်ကောင်အတွက် ပြင်ဆင်နေတဲ့ကာလအတောအတွင်းမှာ Joker ရဲ့ Psycho ဆန်ဆန်စရိုက်အတိုင်း တစ်ထေရာတည်းတူအောင် သရုပ်ဆောင်နိုင်ဖို့ အတွက် မိုတယ်တစ်ခုမှာ (၆)ပတ်တိတိ တစ်ယောက်တည်းသွားနေခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကောင်အပေါ် တာဝန်ကျေလွန်းခဲ့တာကြောင့်လည်း Joker ဇာတ်ကောင်တွေအများကြီးထဲမှာမှ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ Heath ရဲ့ Joker ပုံစံကပဲ လွှမ်းမိုးထားနိုင်တာဖြစ်ပါတယ်။ အဆိုပါ Joker ဇာတ်ကောင်အတွက် Heath ဟာ အော်စကာဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

Guardians of the Galaxy

Guardians Of The Galaxy ရုပ်ရှင်ထဲက Star-Lord အဖြစ်သရုပ်ဆောင်တဲ့ မင်းသားချော Chris Pratt ဟာ ရိုက်ကွင်းကနေ သူရဲ့ Star-Lord ၀တ်စုံကို တိတ်တိတ်လေး ခိုးခဲ့ဖူးပါတယ်။ အကြောင်းအရင်းကတော့ ဆေးရုံတက်နေရတဲ့ ရောဂါသည်ကလေးလေးတွေဟာ Star-Lord ကို အပြင်မှာ မြင်ဖူးချင်တာကြောင့်ဖြစ်ပါတယ်။ (ဘယ်လောက်သဘောထားပြည့်ဝတဲ့ Star Lord ကြီးလဲနော်)

Terminator

The Terminator ရုပ်ရှင်ရိုက်ကွင်းနားချိန်ရောက်တဲ့အခါမှာ မင်းသားကြီးအာနိုးဟာ Terminator ပုံစံမိတ်ကပ်ဖျက်ဖို့ ကို မေ့နေပြီး မျက်လုံးတစ်ဖက်မပါတဲ့ပုံစံအတိုင်း L.A. မြို့ လယ်က စားသောက်ဆိုင်တစ်ဆိုင်ကို သွားစားခဲ့ပါတယ်။

Dallas Buyers Club

နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Dallas Buyers Club ရိုက်ကူးစဉ်က Budget ငွေဟာ တော်တော်လေးနည်းပါးခဲ့တာကြောင့် မိတ်ကပ်အတွက် Budget ငွေဟာ $250 ပဲ ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အဖွဲ့ လိုက် ညီညီညွတ်ညွတ်တိုင်ပင်ပြီး ဖန်တီးရိုက်ကူးခဲ့တဲ့အခါ အဆိုပါရုပ်ရှင်ဟာ Makeup and Hairstyling အတွက် အော်စကာဆုတောင် ရရှိခဲ့ပါတယ်။

Star Trek

Star Trek ရုပ်ရှင်ထဲက Automatic တံခါးတွေပွင့်တဲ့အသံဟာ ရုရှားရထားတွေပေါ်က အိမ်သာရေဆွဲချသံတွေကို ထည့်သွင်းထားတာဖြစ်ပါတယ်။

Django Unchained

Django Unchained ရုပ်ရှင်ထဲမှာလည်း မင်းသားချော Leonardo တစ်ယောက် စားပွဲကို လက်နဲ့ ရိုက်လိုက်နဲ့ ဇာတ်ဝင်ခန်းမှာ မတော်တဆ လက်ဖ၀ါးကို ဖန်ကွဲစူးပြီး သွေးတွေထွက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း Leonardo ဟာ နာကျင်မှုကိုဂရုမစိုက်ပဲ ဆက်လက်သရုပ်ဆောင်ပြခဲ့တာဖြစ်ပြီး အဆိုပါလုပ်ရပ်အတွက် ဒါရိုက်တာ Quentin Tarantino က Leo ကို တော်တော်လေးအထင်ကြီးလေးစားခဲ့ပါတယ်။

Ref : BrightSide
Douglas

Django Unchained

Django Unchained ရုပ်ရှင်ထဲမှာလည်း မင်းသားချော Leonardo တစ်ယောက် စားပွဲကို လက်နဲ့ ရိုက်လိုက်နဲ့ ဇာတ်ဝင်ခန်းမှာ မတော်တဆ လက်ဖ၀ါးကို ဖန်ကွဲစူးပြီး သွေးတွေထွက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း Leonardo ဟာ နာကျင်မှုကိုဂရုမစိုက်ပဲ ဆက်လက်သရုပ်ဆောင်ပြခဲ့တာဖြစ်ပြီး အဆိုပါလုပ်ရပ်အတွက် ဒါရိုက်တာ Quentin Tarantino က Leo ကို တော်တော်လေးအထင်ကြီးလေးစားခဲ့ပါတယ်။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။