ဘိုးဘွားရိပ်သာမှ အသက် ၉၉နှစ်အရွယ်အဖွားကို အခန်းထဲထိချီပြီးလိုက်ပို့ပေးနေတဲ့ မအေးသောင်း

Posted on - May 16 []

Rowena

စာရေးသူ

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ မအေးသောင်း ဟာဆိုရင် ဟိုးအရင် ဇာတ်ကားခေတ်မှာကတည်းက အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်လာခဲ့တဲ့ သူလေးတစ်ယောက်ပါ။ အရင်ဇာတ်ကားခေတ်မှာကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးမှုကို အများဆုံး ရရှိလာခဲ့ရတဲ့ သူမကတော့ ယခုအချိန် အနုပညာလောကထဲကို ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာခဲ့ရာမှာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့ ပြန်ရတာပဲ ဖြစ်ပါတယ်။

အောင်မြင်မှုကို ဆွတ်ခူးထားနိုင်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးမှုကို ရရှိထားခဲ့ရတဲ့ သူမကတော့ အလှူအတန်းတွေမှာလည်း ရပ်ရပ်ရောရောနဲ့ လှူဒါန်းလုပ်ဆောင်ပေးနေတဲ့ သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အလှူအတန်းတွေလုပ်ဆောင်ရင်း ဘဝကို ပျော်ပျော်ကြီးခရီးဆက်နေတဲ့ အေးသောင်းကတော့ နှစ်သစ်ကူး သင်္ကြန်ချိန်ခါလေးကို ရောက်ရှိလို့ လာခဲ့ရပြီမို့ ဘိုးဘွားရိပ်သာမှ အဘိုး အဘွားတွေကို အမြတ်ဆုံးဂါရဝတရားကို ရှေ့မှာထားပြီး ရိုသေစွာကန်တော့ရင်း အလှူပြု ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ဘိုးဘွားရိပ်သာမှ အဘိုးအဘွားတွေကို လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေနဲ့ လှူဒါန်းကုသိုပြုခဲ့တဲ့ မအေးသောင်းရဲ့ ကြည်နူးစရာကောင်းတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို မိုမိုလေးချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ အလှူအတန်းတွေလုပ်ရင်း အဘိုး အဘွားတွေအတွက် ပျော်ရွှင်မှုကို အပြည့်အဝ ပေးစွမ်းနိုင်ခဲ့တဲ့ မအေးသောင်းရဲ့ ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော်။

ဘိုးဘွားရိပ်သာမှ အဘိုးအဘွားတွေကို လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ကုသိုလ်ပြုခဲ့တဲ့ မအေးသောင်းကတော့ ပုသိမ် ဘိုးဘွားရိပ်သာ အလှုပွဲမှာ အသက်အကြီးဆုံးအဖွား 99 နှစ်က သူ့အသက်ကို 10 နှစ်ဘဲရှိသေးတယ်ဆိုပြီး မအေးသောင်းကို အခန်းထဲထိချီပို့ပါဆိုလို့ ချီပို့လိုက်ရတဲ့ မအေးသောင်းရဲ့ စိတ်ဓာတ်လေးကလည်း လေးစားစရာပါပဲနော်။

ဘိုးဘွားရိပ်သာမှ အဘိုးအဘွားတွေကို လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အလှူပြုကုသိုလ်ယူရင်း စိတ်ချမ်းသာမှုတွေကိုပါ အပြည့်အဝ ပေးစွမ်းနိုင်ခဲ့တဲ့ မအေးသောင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိမယ်လို့ ထင်ပါတယ်။ အသက် ၉၉ နှစ်အရွယ် အဘွားကို ပွေ့ထိချီပြီး အခန်းထဲထိ လိုက်ပို့ပေးခဲ့တဲ့ မအေးသောင်းရဲ့ ပုံရိပ်လေးကိုကြည့်ရင်း အရမ်းကို ပီတိဖြစ်မိတယ်ဆိုရင် Shareပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။

Kay Kay
Ref: Aye Thaung's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။