ရုပ်​ရှင်ကားကြီး​ရိုက်​ဖို့ စပွန်​ဆာ​တွေ​တောင် ​ရ​နေပြီ​ ဖြစ်​တဲ့ ​ကျော်​​ကျော်​နန္ဒ

Posted on - May 15 []

Myint Myat

စာရေးသူ

အနုပညာကို ရူးသွပ်​လွန်းလို့ ဆယ်​စုနှစ်​တစ်​ခု​ကျော်​ကြာ​အောင်​ ကြိုးစားပြီး ရပ်​တည်​​နေတဲ့ ​ကျော်​​ကျော်​နန္ဒက​တော့ တမူထူးခြားတဲ့ ဖန်တီးမှုတွေနဲ့ အချိန်တိုအတွင်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အရယူနိုင်​ခဲ့သူတစ်​ဦးပါ။ လတ်​တ​လောမှာ​တော့ ​ကျော်​​ကျော်​နန္ဒက မကြာခင်​မှာ ရုပ်​ရှင်​ကားကြီး ရိုက်​ကူး​တော့မယ့်​ အ​ကြောင်းနဲ့ အဆိုပါရုပ်​ရှင်​အတွက်​ စပွန်​ဆာ​တွေ​တောင်​ ရ​နေပြီဆိုတဲ့အ​ကြောင်း လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ မကြာခင်​မှာပဲ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ရိုက်​ကူး​တော့မယ်​ဆိုတဲ့ ကျော်​​ကျော်​နန္ဒရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ကျော်​​ကျော်​နန္ဒက​တော့ "ရုပ်​ရှင်​ကားကြီးအတွက်​ ပိတ်စ​ဖက်​ရှင်​စပွန်​ဆာ​တွေ​ပေးတဲ့ Miss Gym မှ မဇင်မာ ​ကိုလည်း​ကျေးဇူးပါဗျ"ဆိုပြီး မကြာခင်​မှာပဲ ရိုက်​ကူး​တော့မယ့်​ ရုပ်​ရှင်​ဇာတ်ကားကြီးအတွက်​ ပိတ်​စ​တွေ စပွန်​ဆာရခဲ့တဲ့အ​ကြောင်း လူမှုကွန်​ယက်​မှာ ​ပျော်​ရွှင်​စွာ ​ရေးသားထားတာပါ။

ဝေဖန်​ရှုံ့ချသူ​တွေကို ​မေ့ထားပြီး မ​လျှော့တဲ့လုံ့လနဲ့ ကြိုးစား​နေတဲ့ ကျော်ကျော်နန္ဒကတော့ အခုဆိုရင်​ အနုပညာသက်​တမ်း ၁၀နှစ်​​ကျော်​သွားပြီပဲ ဖြစ်​ပါတယ်​။ သူက​တော့ လတ်တလောမှာ အနုပညာမောင်နှမ​တွေနဲ့ အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ​ရုပ်​ရှင်​ဇာတ်​ကားကြီး​တောင်​ ရိုက်​​တော့မယ့်​ ကျော်​​ကျော်​နန္ဒရဲ့အ​ကြောင်းကို အချင်းချင်း ​ဝေမျှသွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Kyaw Kyaw Nada's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။