ဆိုးလ်ရှား စတင်ကိုင်တွယ်တုန်းက မော်ရင်ဟိုပြောခဲ့တဲ့စကားကွက်တိမှန်နေပြီလား

Posted on - May 16 []

Gunner Ksr

စာရေးသူ

ပရီးမီးယားလိဂ်ကလပ်မန်ယူအသင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက မော်ရင်ဟိုကို နည်းပြအဖြစ်ကနေ ထုတ်ပယ်ပြီး ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။ မန်ယူကို ဆိုးလ်ရှားစတင်တာဝန်ယူကိုင်တွယ် တဲ့အချိန်မှာ မန်ယူအသင်းဟာ ရလဒ်တွေတောက်လျှောက်ကောင်းမွန်ခဲ့ပါတယ်။ နောက်ဆုံး မန်ယူဟာ ပီအက်စ်ဂျီကို မမျှော်လင့်ထားတဲ့အခြေအနေကနေ ကျော်ဖြတ်နိုင်ခဲ့တဲ့အထိ မယုံကြည်နိုင်စရာကောင်းတဲ့ စွမ်း ဆောင်ရည်ကို ပြသနိုင်ခဲ့တယ်။

အဲဒီလိုစွမ်းဆောင်ရည်ကောင်းတွေကြောင့်လည်း မန်ယူအသင်းဟာ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီမှာ ပြဿနာကစတာပါပဲ။ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက်မှာ မန်ယူရဲ့အခြေ အနေက အံ့အားသင့်ဖွယ်ပြောင်းလဲလာခဲ့ပါတယ်။

ရလဒ်တွေတောက်လျှောက်ဆိုးရွားခဲ့ပြီး မန်ယူအသင်းဟာ နောက်ဆုံး ၁၂ ပွဲမှာ ၈ ပွဲအထိရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် မန်ယူအနေနဲ့ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်တာ စောလွန်းခဲ့ပြီး ဒီထက်အချိန်ပေးစောင့် ကြည့်သင့်တယ်လို့ ဝေဖန်မှုတွေကလည်း ထွက်ပေါ်လာခဲ့တယ်။

နည်းပြဟောင်းမော်ရင်ဟို ဆိုးလ်ရှားစတင်ကိုင်တွယ်ပြီး ရလဒ်ကောင်းတွေ ရယူနိုင်စဉ်က သတိပေးစကားတစ်ခွန်း ပြောကြားခဲ့ပါတယ်။ "မန်ယူရဲ့လက်ရှိရလဒ်ကောင်းတွေနဲ့ ပတ်သက်ပြီးပြောရရင် ကစားသမားတွေက အသစ်ရောက်လာတဲ့နည်းပြနဲ့ အဆင်ပြေဖို့ ကြိုးစားနေကြတာပါ။

ဒါကလည်း ခဏပါပဲ။ ပြီးရင် အရင်အတိုင်းပြန်ဖြစ်သွားပါမယ်"လို့ ဆိုခဲ့တာပါ။ ဒါကြောင့် လက်ရှိအခြေအနေမှာတော့ မော်ရင်ဟိုရဲ့စကားဟာ ကွက်တိမှန်နေပြီလားလို့ဆိုရမှာပါ။ နောက်ပြီး မော်ရင်ဟိုက L'Équipe ရဲ့ တွေ့ဆုံရာမှာလည်း "လွန်ခဲ့တဲ့ ၉ လ၊ ၁၀ လလောက်တုန်းက ကျွန်တော်ပြောခဲ့တယ်။ ချန်ပီယံဆုကို ၈ ကြိမ်ရယူအပြီးမှာ ဒုတိယနေရာရတာ ကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့။ အခုတော့ သူတို့နားလည်လာကြပါပြီ။ လက်ရှိမန်ယူနဲ့ ပတ်သက်ပြီး နှစ်ခုပဲပြောချင်တယ်။ ပထမတစ်ခုက အချိန်က စကားပြောသွားလိမ့်မယ်။ ဒုတိယတစ်ခုက အဲဒီမှာ ပြဿနာတွေရှိနေပါတယ်"ဆိုပြီး ပြောသွားခဲ့တာပါ။

Ref Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။