B.I နဲ့ Yeri တို့ရဲ့ ဆန်းပြားတဲ့ Pose ပေးဟန်ကြောင့် အားလုံးပွဲကျခဲ့ရ

Posted on - May 16 []

Gunner Ksr

စာရေးသူ

B.I နဲ့ Yeri တို့ကတော့ တကယ့်ကို သဘာဝကျကျနေနိုင်သူတွေပါပဲ။ iKON အဖွဲ့ဝင် B.I နဲ့ Red Velvet အဖွဲ့ဝင် Yeri တို့ဟာ မေလ ၁၀ ရက်နေ့ပြုလုပ်ခဲ့တဲ့ 'Law of the Jungle' ရဲ့အပိုင်းအတွက်ပွဲကြိုသတင်းစာရှင်း လင်းပွဲကို အဲဒီအပိုင်းမှာပါဝင်တဲ့ တခြားအနုပညာရှင်တွေနဲ့အတူတူ တက်ရောက်ခဲ့ပါတယ်။

အဲဒီမှာ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ အနုပညာရှင်တွေဟာ ဓာတ်ပုံရိုက်ကူးမှုပြုလုပ်ခဲ့ကြပါတယ်။ တခြားအနုပညာရှင်တွေဟာ တည်တည်တံ့တံ့နဲ့ သာမန် Pose မျိုးကိုသာပေးခဲ့ပါတယ်။ အဲဒီမှာ iKON အဖွဲ့ဝင် B.I က ကောက်ခါငင်ငါနဲ့ ထူးဆန်းတဲ့ Pose ပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သူ့ရဲ့ Pose ပေးမှုကိဲု့ Yeri တစ်ယောက်မြင်လိုက်တဲ့အခါမှာတော့ သူမဟာ B.I နည်းတူ အများနဲ့မတူတဲ့ Pose တွေကို ပေးပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့လုပ်ရပ်ဟာ အားလုံးကို သဘောကျနှစ်စေခဲ့ပြီး ပွဲကျစေခဲ့ပါ တယ်။ ဒါကြောင့်လည်း B.I နဲ့ Yeri ဟာ အချိန်တိုင်းမှာ ပရိသတ်ရဲ့အချစ်ကို ရရှိနေတာလည်း ဖြစ်ပါတယ်။

iKON အဖွဲ့ဝင် B.I နဲ့ Red Velvet အဖွဲ့ဝင် Yeri တို့ ပါဝင်ထားတဲ့ 'Law of the Jungle' အပိုင်းကို ထိုင်းနိုင်ငံမှာ သွားရောက် ရိုက်ကူးခဲ့တာဖြစ်ပြီး မေလ ၁၁ ရက်နေ့ကတည်းက စတင်ထုတ်လွှင့်နေပြီပဲဖြစ်ပါတယ်။ အဲဒီ အပိုင်းမှာ B.I၊ Yeri တို့နဲ့အတူ Park Jung-chul, Hyun Woo, Uhm Hyun-kyung, Jung Chan-sung, Park Woo-jin (AB6ix), Mina (Gugudan) စတဲ့အနုပညာရှင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဆန်းပြားတဲ့ Pose ပေးဟန်နဲ့ အားလုံးကို ပွဲကျစေခဲ့တဲ့ B.I နဲ့ Yeri

Ref K Star Live

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။