ချစ်သူကောင်လေးက နောက်ထပ်မိန်းကလေးနဲ့ ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိခဲ့ဖူးတဲ့ Ailee

Posted on - May 16 []

Mia Zin

စာရေးသူ

အသံပါဝါအားကောင်းကောင်းကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး Ailee ဟာဆိုရင် နာမည်ကြီးဇာတ်ဝင်တေးတွေနဲ့ တစ်ကိုယ်တော်သီချင်းတွေများစွာ သီဆိုခဲ့ပြီး လက်ရှိမှာလည်း အောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ်နဲ့ ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ရရှိထားတဲ့သူမဟာ အချစ်ရေးမှာတော့ ကံမကောင်းခဲ့ပါဘူး။

Ailee ဟာ သူမရဲ့ ချစ်သူကောင်လေးက နောက်ထပ်မိန်းကလေးတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သူမကိုယ်တိုင် လက်ပူးလက်ကြပ်မိခဲ့တယ်ဆိုတဲ့အကြောင်းကို မေလ ၁၄ ရက်နေ့တုန်းက ထုတ်လွှင့်ခဲ့တဲ့ Video Star အစီအစဉ်မှာပြောခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ကံမကောင်းလှတဲ့ ဇာတ်လမ်းကို သိရတဲ့အခါမှာတော့ အစီအစဉ်မှာပါဝင်ကြတဲ့ တင်ဆက်သူတွေရော၊ ဧည့်သည်တွေရောပါ အံ့သြခဲ့ရပါတယ်။

အဲဒီနေ့ဟာ ချစ်သူကောင်လေးရဲ့ မွေးနေ့ဖြစ်ပြီး ချစ်သူကို မွေးနေ့ Surprise လုပ်ချင်တဲ့ Ailee ဟာ မွေးနေ့ပါတီကို မလာဘူးလို့ဆိုကာ ကောင်လေးမသိအောင် တစ်ယောက်တည်းအစီအစဉ်တွေဆွဲခဲ့ပါတယ်။ 'သူ့ရဲ့ မွေးနေ့တုန်းက ကျွန်မမှာ အလုပ်တွေရှိတာကြောင့် သူ့ကို မွေးနေ့ပါတီမလာဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုပြောတဲ့အချိန်မှာ ကျွန်မက လမ်းတစ်ဝက်ရောက်နေပါပြီ" လို့ Ailee က ပြန်လည်ပြောပြခဲ့တာ ဖြစ်ပါတယ်။

သူမ မွေးနေ့ပါတီကို ရောက်သွားတဲ့အခါမှာတော့ ဖြစ်ပေါ်သွားတဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး "ကျွန်မက Surprise လုပ်ပြီး ပါတီကိုရောက်သွားတယ်ဆိုပေမယ့် ကျွန်မကိုလည်း မြင်ရော ပါတီကလူတွေက တိုးတိုးနဲ့စကားပြောကြရောရှင့်" လို့ဆိုကာ ပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူမမြင်လိုက်ရတဲ့ မြင်ကွင်းက သူမကို အကြီးကြီးကို ရှော့ခ်ရသွားစေခဲ့ပါတယ်။ အဆိုပါမြင်ကွင်းကတော့ သူမရဲ့ ချစ်သူကောင်လေးဟာ နောက်ထပ်မိန်းကလေးတစ်ယောက်နဲ့ ပွေ့ဖက်နမ်းရှုံ့ကာ ဖောက်ပြန်နေတယ်ဆိုတာပါပဲ။ ထိုအချိန်မှာ သူမအနေနဲ့ အတော်လေးကို ရှော့ခ်ရခဲ့ပြီး ဘာစကားမှလည်း မပြောနိုင်ခဲ့ပါဘူး။

"ကျွန်မ အရမ်းလန့်သွားခဲ့ပြီး ဘာစကားမှလည်း မပြောနိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာ ကျွန်မကောင်လေးက 'ဒါ အထင်လွဲတာပါ' တဲ့။ ဒါပေမယ့် ကျွန်မက အားလုံးမြင်ပြီးနေပြီလေ။ အဲဒီကိုရောက်ဖို့ အဝေးကြီးကနေ သွားခဲရပေမယ့်လည်း အပြန်မှာတော့ မိုးရွာထဲမှာ တစ်လမ်းလုံးငိုပြီး ပြန်ခဲ့ရပါတယ်။ " လို့ဆိုကာ သူမရဲ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။

ဒီလိုမျိုး သစ္စာဖောက်တဲ့ ချစ်သူမျိုးနဲ့ ကြုံခဲ့ရဖူးတာကြောင့် နောက်ချစ်သူအသစ်ရတဲ့အခါမှာတော့ သူမအနေနဲ့ သံသယစိတ်တွေက ကြီးစိုးနေခဲ့ပြီး အကောင်းဆုံးတွေမပေးဆပ်နိုင်ခဲ့တဲ့အတွက် စိတ်မကောင်းတော့ဖြစ်မိတယ်လို့ ဆိုပါတယ်။ အဲဒီကြောင့် ထိုချစ်သူအသစ်ကို ရည်ရွယ်ပြီးသီဆိုထားတဲ့ 'If you" သီချင်းကို ၂၀၁၆ ခုနှစ်ထဲမှာ ထွက်ရှိထားခဲ့ပါတယ်။

Ailee လို ဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ခဲ့ရဖူးတဲ့သူတွေများ ရှိကြပါသလား။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။