ပရိသတ်တွေကြိုက်နှစ်သက်ခဲ့ရတဲ့ "ပြဿနာ" ရုပ်ရှင်ကားကြီးမှ နေတိုးရဲ့ဇာတ်ဝင်ခန်းတစ်ခန်း

Posted on - May 16 []

K Kay

စာရေးသူ

ဒီ (၂၀၁၉) ခုနှစ်မှာတော့ မြန်မာရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို ရုံတင်ပြသနေတာဖြစ်ပြီး ဇာတ်ကားတိုင်းကလဲ ရသတစ်မျိုးစီနဲ့ ပရိသတ်တွေကို စွဲဆောင်နိုင်တာကို တွေ့ရပါတယ်။ ထိုထဲကမှ မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်တဲ့ နေတိုးရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလဲ တော်တော်များများ ပါဝင်တာကို တွေ့ရပါတယ်။ "တာတူး"၊ "မဟူရာရုပ်ရှင်ရုံ"၊ "ပြုံးရွှင်ရေ ပျော်ရဲ့လား"စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေပြီးတဲ့နောက်မှာတော့ နေတိုးရဲ့ ဟာသဇာတ်မြူးရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ "ပြဿနာ" ရုပ်ရှင်ကားကြီးကို မေလ (၉)ရက်နေ့မှစတင်ပြီး ရုံတင်ပြသ ပေးနေပြီပဲ ဖြစ်ပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားကြီးကိုကတော့ ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ အကယ်ဒမီ နေတိုး၊ ဇာဂနာ၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ စိုးပြည့်သဇင်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ယဉ်လတ်၊ ရွှေပိုးအိမ် စတဲ့ ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်တွေက အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

ဟာသတွေနဲ့ ပေါင်းစပ်ထားတဲ့ "ပြဿနာ" ရုပ်ရှင်ကားကြီးမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဆေးထိုးပြီး ပြသနာရှာကြတဲ့ ဇာတ်ဝင်ခန်းလေးတွေကို ပရိသတ်တွေ တသောသောနဲ့ ရယ်မောပြီး ကြည့်ရှုရမှာပါ။ ဒီတစ်ခါမှာတော့ ပရိသတ်တွေ တသောသော ရယ်မောနေရမယ့် ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တဲ့နေတိုးရဲ့ (၆) တန်းတုန်းက ရေအိုးခွဲလို့ အရိုက်ခံခဲ့ရတာကြောင့် ဆရာကြီး ဆံပင်လာညှပ်တဲ့အချိန်မှာ ပြန်လည်လက်စားချေတဲ့ အခန်းလေးပဲ ဖြစ်ပါတယ်။

နီတွတ်တစ်ယောက် (၆)တန်းတုန်းက ရေအိုးခွဲလို့ပြီး ရိုက်ခဲ့တဲ့ ဆရာကြီးကို ဘယ်လို lesson တွေ ပြန်ပေးလိုက်လဲဆိုတာ သိရှိရအောင် "ပြဿနာ" ရုပ်ရှင်ကားကြီးရဲ့ ကြော်ငြာဗီဒီယိုဖိုင်လေးကို ဆက်လက်ပြီး ကြည့်ရှုအားပေးသွားကြပါဦးနော်။

(၆) တန်းတုန်းက ရေအိုးခွဲလို့ပြီး ကျောင်းသူတွေရှေ့ ဖင်လှန်ပြီးရိုက်ခဲ့တဲ့ ဆရာကြီးကို ဆံပင်လာညှပ်တဲ့အချိန်မှာ ပြန်လည် Lesson ပေးလိုက်တဲ့ နေတိုးရဲ့ video

"ပြဿနာ" ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေရဲ့ ဘဝအမောတွေကို ပြေပျောက်စေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဆိုတာ အသေအချာပါပဲနော်။ အစမှ အဆုံးအထိ တစ်ကားလုံးကို အူတက်နေအောင်ရယ်နေရတဲ့" ပြဿနာ" ရုပ်ရှင်ဇာတ်ကားကြီးမှ ဆရာကြီးကို နေတိုး ဆံပင်ညှပ်ပေးတဲ့ အခန်းလေးကိုကြည့်ရင်း သဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့နော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref: ပြဿနာ ရုပ်ရှင်ကားကြီး

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။