ချမ်းသာသလောက် မိဘတွေကိုလည်း မပြတ်ထောက်ပံ့တဲ့ ကမ္ဘာကျော်ဆယ်လီဘရစ်တီများ

Posted on - May 16 []

Douglas Thura

စာရေးသူ

ကမ္ဘာကျော်ဆယ်လီဘရစ်တီတွေဟာ သာမန်လူတွေထက် နေထိုင်သွားလာပုံ၊ ၀တ်စားဆင်ယင်ပုံတွေကအစ သာလွန်နေတတ်တယ်ဆိုပေမယ့်လည်း သူတို့ မှာလည်း သာမန်လူတွေလိုပဲ ပူပန်သောကတွေ၊ ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေ ပိုင်ဆိုင်ထားတဲ့ လူသားတွေထဲက လူသားတစ်ချို့ပဲဖြစ်ပါတယ်။ ရှုတင်နားရက်တွေ၊ အလုပ်အားလပ်ရက်တွေမှာတော့ ဆယ်လီဘရစ်တီတွေလည်း ချစ်ရတဲ့သူငယ်ချင်းတွေ၊ မိသားစုတွေအတွက် အချိန်ပေးပြီး ပေါ့ပေါ့ပါးပါးဖြတ်သန်းလေ့ရှိကြတာကိုလည်း တွေ့ ရပါတယ်။ ဘယ်လောက်ပဲ ကမ္ဘာကျော်တဲ့အထိ နာမည်ကြီးနေပါစေ၊ မိဘတွေနဲ့ တွေ့ ရင်တော့ ကမ္ဘာကျော်ဆယ်လီတွေလည်း ကလေးကြီးတွေလိုပါပဲ။ အခုဖော်ပြပေးမယ့် ဆယ်လီဘရစ်တီတွေကတော့ ကမ္ဘာကျော်တဲ့အထိ အောင်မြင်နေကြပေမယ့်လည်း မိဘနားမှာပဲနေပြီး မိဘကို အပြည့်အ၀ထောက်ပံ့ပေးနေကြတဲ့သူတွေဖြစ်ပါတယ်။ မိဘကျေးဇူးမမေ့တဲ့ဆယ်လီတွေက ဘယ်သူတွေဖြစ်မလဲ ကြည့်လိုက်ကြရအောင် ...

Miley Cyrus

Malibu သီချင်းအဆိုတော်မလေး မိုင်လေဆိုင်းရပ်စ်ကတော့ ပိုက်ဆံချမ်းသာသလောက် မိဘတွေကို လိုလေသေးမရှိရအောင် ဖြည့်ဆည်းပေးတတ်သူဖြစ်ပြီး မိဘတွေအတွက် ဇိမ်ခံအိမ်ကြီးတွေကိုလည်း ၀ယ်ပေးထားတာဖြစ်ပါတယ်။

Bradley Cooper

A Star Is Born မင်းသားကြီး ဘရက်လေကူးပါးရ်ကတော့ ရှုတင်နားရက်တွေတိုင်း မိခင်ဖြစ်သူနားမှာပဲအမြဲနေပြီး မိခင်ဖြစ်သူကို အမြဲ support ပေးနေတဲ့ အမေချစ်သားကြီးတစ်ယောက်ဖြစ်ပါတယ်။

Beyoncé

R&B ဂီတဘုရင်မဖြစ်တဲ့ အဆိုတော်ဘီယွန်းစေးကတော့ မိဘဖြစ်သူကို တတ်နိုင်သလောက် ပြုစုထောက်ပံ့ပေးလေ့ရှိတာဖြစ်ပါတယ်။

Nicki Minaj

Queen Of Rap ဖြစ်တဲ့ နစ်ကီမီနာ့ဂ်ျကတော့ ပထမဆုံးရရှိတဲ့အနုပညာကြေးကို မိဘတွေအတွက် အိမ်ဝယ်ပေးခဲ့တာဖြစ်ပါတယ်။

Taylor Swift

လက်ရှိပေါ့ပ်ဂီတလောကရဲ့ ဘုရင်မဖြစ်တဲ့ အဆိုတော်တေလာဆွစ်ဖ်ကတော့ ကမ္ဘာ့ အချမ်းသာဆုံးအဆိုတော်စာရင်းထဲမှာလည်း အပါအ၀င်ဖြစ်ပြီး မိဘတွေအတွက် ဇိမ်ခံအိမ်တွေများစွာဝယ်ပေးထားတာလည်း ဖြစ်ပါတယ်။

Britney Spears

Pop Princess ဖြစ်တဲ့ ဘရစ်တနေးစပီးယားစ်ကတော့ ငယ်စဉ်တည်းက The Mickey Mouse Club တီဗွီရှိုးအစီအစဉ်မှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး မိဘတွေကိုလုပ်ကျွေးပြုစုခဲ့တဲ့ သမီးလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်။

Justin Bieber

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော်ဂျက်စတင်ဘီဘာကတော့ ငယ်စဉ်တည်းက မိဘတွေကိုလုပ်ကျွေးပြုစုခဲ့တဲ့ သားလိမ္မာတစ်ယောက်ဖြစ်တယ်ဆိုတာ အထူးတလည်ပြောပြစရာမလိုတော့ပါဘူးနော်။

Ref : QuirkyByte
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။