မဂ္ဂဇင်းကာဗာအတွက် ဓာတ်ပုံများဖြင့် ရုပ်ရည်အလှအပကို သက်သေပြသွားတဲ့ Jisoo

Posted on - May 20 []

Ngwe Zin

စာရေးသူ

လတ်တလောမှာ ထွက်ရှိလာတဲ့ Harper's Bazzar မဂ္ဂဇင်းမှာ The Sparkling Moment ဆိုတဲ့ခေါင်းစဉ်နဲ့အတူ BLACKPINK ရဲ့ Visual အဖြစ်နဲ့ သတ်မှတ်ခံထားရတဲ့ Jisoo ရဲ့ ပုံရိပ်တွေဟာလည်း ပါဝင်လို့လာပါတယ်။ ထိုပုံတွေကို မေလ ၁၇ ရက်နေ့မှာ မဂ္ဂဇင်းတိုက်ကနေ ဖော်ပြပေးလိုက်တာဖြစ်ပြီး ဇွန်လအတွက်ရဲ့ပုံရိပ်တွေမှာလည်း Jisoo ရဲ့ ပုံတွေပါဝင်လာဦးမယ်လို့ သိရပါတယ်။

အဖွဲ့ဝင်တွေကြားမှာ အနေအေးပြီး အရမ်းလှလွန်းတဲ့သူမဟာ အခုလို ညှို့ဓာတ်ပြင်းပြင်းနဲ့ ပို့စ်အလန်းတွေလည်းပေးတတ်သေးသူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူတို့အဖွဲ့ရဲ့ Kill This Love သီချင်းဟာဆိုရင် ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကထွက်ထားတာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ သီချင်းတစ်ပုဒ်ဆိုလည်းမမှားပါဘူး။ နောက်ပြီး ၂၀၁၉ Coachella ပွဲတော်မှာ ဧပြီလ ၁၂ ရက်နေ့နဲ့ ၁၉ ရက်နေ့ပါဝင်ဖျော်ဖြေနိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး ကေပေါ့အဖွဲ့လည်းဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ မြောက်အမေရိကဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က Texas မှာ အောင်မြင်စွာနဲ့ အဆုံးသတ်နိုင်ခဲ့ပြီး လာမယ့် မေလ ၁၈ ရက်နေ့မှာ ဥရောပမှာ လှည့်လည်ဖျော်ဖြေဦးမှာ ဖြစ်ပါတယ်။

ဒီတော့ Jisoo ရဲ့ အရမ်းလန်းတဲ့ ပုံအသစ်လေးတွေကိုကြည့်ရှုအားပေးဖို့တင်ပေးလိုက်ပြီနော်။ မိုမိုလေးရဲ့ ပရိသတ်တွေလည်း သဘောကျနှစ်သက်မယ်လို့ထင်ပါတယ်။

Ref: Kstarlive
Ngwe (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။